JavaScript ဘယ္လုိ အလုပ္လုပ္သလဲ?
ဘရောက်ဇာမှ JavaScript ရဲ့  စွမ်းဆောင်ချက်တွေကတော့ အသုံးပြုသူတွေ အနေနဲ့ ဆာဗာတွေ ကို အပြန်အလှန်ချိတ်ဆက်လို့ ရခြင်း၊၀က်ပေ့ခ်ျ တွေ ကို တွက်ထုတ် လို့ ရခြင်းတွေ နဲ့ အတူ အများအပြား လုပ်ဆောင်နိုင်ပါတယ်။
ဥပမာအနေနဲ့ - ၀က်ပေခ်ျ မှာ ရှိတဲ့ အသွင်အပြင်တွေ ပြောင်းလဲအောင်လုပ်တာ၊HTML ကုဒ်တွေ ကို ဖြည့်ဆည်းတာ အပြင် ၀က်ပေခ်ျ့ ရဲ့  အတွင်းပိုင်း ပါဝင်မှု တွေ ကို ပြုပြင်တာတွေ လုပ်နိုင်ပါတယ်။
avaScript ဘယ်လို အလုပ်လုပ်သလဲ?
ရှာဖွေရေး အင်ဂျင်တစ်ခု ကို ထောက်ပ့ံနေတဲ့ အတွင်းပိုင်းကုဒ်တွေ ဘယ်လိုအလုပ်လုပ်တယ််ဆို တာ ပြောပြဖို့ နည်းနည်းတော့ ခက်ခဲပါတယ်။ဒါပေမဲ့ ဒီနေရာမှာ အခြေခံကျတဲ့ အချက်တွေ ရှိနေပါတယ်။
၁ ။ပထမဆုံးအနေနဲ့ ကျွန်တော်တို့ ရေးလိုက်တဲ့ စခရစ်ကုဒ်တွေ ကို စောစောကဖော်ပြခဲ့တဲ့ ဗာကျူရယ်စနစ်( “JavaScript virtual machine”.) ကနေ ဆွဲယူဖတ်လိုက်ပါတယ်။
၂ ။အဲ့ဒီနောက် ဗာကျူရယ်စနစ်ကနေ ကွန်ပျူတာနားလည်တဲ့ ကုဒ်တွေ အဖြစ်ပြောင်းပေးတာပါ။
၃ ။တကယ့်တကယ်အလုပ်လုပ်တာဟာ အဲ့ဒါတွေ ကို စခရစ်က အထူးပြု လုပ်ဆောင် ပြီးမှ ဘရောဇာ က အလုပ်လုပ်တာ ဖြစ်ပါတယ်။
ဒါပေမဲ့ script ဟာ အဲ့ဒီလို အဆင့်တွေ ဖြတ်ကျော်ရတာတောင်မှ ဒီဘက်ခေတ် မှာ အလွန်ကို မြန်ဆန်စွာ အလုပ်လုပ်နိုင်တာတွေ ့ ရမှာပါ။
ဘရောက်ဇာ ထဲမှာ JavaScript က ဘာတွေ လုပ်လို့ ရသလဲ?
ခေတ်မီနောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်တဲ့ JavaScript ဟာ အလွန်ကို စိတ်ချစွာ အသုံးပြုလို့ ရတဲ့ ကွန်ပျူတာဘာသာစကားတစ်ခုပါ။အဲ့ဒီမှာတစ်ခုရှိတာက JavaScript အနေနဲ့ ဘရောက်ဇာ တွေ အတွက် အထူးပြုရည်ရွယ်တာကြောင့် သာမန်အားဖြင့် စီပီယူ နဲ့ မန်မိုရီ(memory or CPU) တွေ အတွက် လိုအပ်ချက်အချို ့ ရှိကောင်းရှိနိုင်ပြီး ထောက်ပံ့ပေးမှုလည်းနည်းနေတတ်ပါတယ်။ဒါပေမဲ့ တွဲဖက် အသုံးပြုတဲ့ ဆော့ဝဲလ်တွေ ပေါ်မူတည်ပြီး လုပ်ငန်းလုပ်နိုင်တာခြင်းတော့ ကွာသွားပါလိမ့်မယ်။
ဥပမာအနေဖြင့် Node.JS နှင့်တွဲဖက်အသုံးပြုမယ်ဆိုရင် JavaScript ဟာ ဖိုင်အချက်အလက်စနစ်တွေကို ဖတ်နိုင် ၊ရေးနိုင်ပြုလုပ်လာနိုင်မှာဖြစ်ပြီး အင်တာနက်ချိတ်ဆက်မှု နဲ့ ပက်သက်တဲ့ အချို ့သော တောင်းဆိုချက်တွေ ကိုတောင်မှ ဖြေရှင်းလို့ ရနေပါတယ်။
ဘရောက်ဇာမှ JavaScript ရဲ ့ စွမ်းဆောင်ချက်တွေကတော့ အသုံးပြုသူတွေ အနေနဲ့ ဆာဗာတွေ ကို အပြန်အလှန်ချိတ်ဆက်လို့ ရခြင်း၊ဝက်ပေ့ချ် တွေ ကို တွက်ထုတ် လို့ ရခြင်းတွေ နဲ့ အတူ အများအပြား လုပ်ဆောင်နိုင်ပါတယ်။
ဥပမာအနေနဲ့ - ဝက်ပေချ် မှာ ရှိတဲ့ အသွင်အပြင်တွေ ပြောင်းလဲအောင်လုပ်တာ၊HTML ကုဒ်တွေ ကို ဖြည့်ဆည်းတာ အပြင် ဝက်ပေချ် ့ရဲ ့ အတွင်းပိုင်း ပါဝင်မှု တွေ ကို ပြုပြင်တာတွေ လုပ်နိုင်ပါတယ်။
အဓိကကျတဲ့ လုပ်ဆောင်စရာအချက်တွေ ၊မောက်စ် ပွိုင်တာ လှုပ်ရှားမှု နှင့်ပတ်သက်တာတွေ ၊သုံးစွဲသူနဲ့ ပတ်သက်တာတွေ ကို လည်းပြုပြင်နိုင်ပါတယ်။အထူးသဖြင့် ဖိုင်တွေ အင်တာနက်ပေါ်တင်တာ ၊ဒေါင်းလုပ် ပြုလုပ်တာတွေ အတွ က် အေဂျက် နဲ့ ကိုမက် ဆိုသည့် ( AJAX and COMET technologies).နည်းပညာများကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။
ထို့ အပြင် ဘရောက်ဇာမှာ ရှိတဲ့ ကွတ်ကီးတွေ ကို စီမံမှု ပြုတာတွေ ၊ဝက်ဆိုဒ်ကို လာရောက်လည်ပတ်သူတွေ ကို အပြန်အလှန် ဆက်သွယ်ရန် မက်ဆေ့ပို့တာတွေ နဲ့ သတိပေးအချက်အလက်စနစ်တွေ ထည့်သွင်းတာတို့ ပြုလုပ်နိုင်ပါတယ်။
စခရစ်ကို ကျွမ်းကျင်ပိုင်နိုင်မယ်ဆိုရင် မိမိတို့ ရဲ ့ ကွန်ပျူတာထဲမှ သိမ်းဆည်းထားသည့် အချက်အလက်တွေ ကို လည်း အချိန်မရွေးပြန်လည် အသုံးပြုလုပ်ရအောင်ချိတ်ဆက်ဆောင်ရွက်နိုင်တာတွေ ပြုလုပ်လို့ ရပါတယ်။
ဆက်လက်ရေးသားဖော်ပြပါမည်....အမှားတွေ့ လျှင် email မှ တစ်ဆင့် ဝေဖန်အကြံပေးကြပါရန်....မေတ္တာရပ်ခံပါတယ်..
Comments