ငြိမ်းချမ်းရေး၊ဖွဲ့  စည်းပုံ ၊ မြစ်ဆုံ နဲ့  ရွေးကောက်ပွဲ ခေါင်းစဉ်တွေ အောက်က ပြည်သူတွေ ရဲ့  အနာဂတ်
မြန်မာ့ နိုင်ငံ ရေး အတွက် ပြည်သူ ကို ခေါင်းစဉ်တပ် ပြီး အကြိမ်ကြိမ် ဒုက္ခ ပင်လယ်ဝေနေတဲ့  အခြေအနေထဲ က ရုန်းထွက်နိုင်ဖို့ ဆိုတာ ဘယ်လို အချိန်တွေ ထိ ကြာမြင့် နေဦး မှာ ပါ လဲ ?
တိုင်းပြည်နဲ့  လူမျိုးအတွက် ပါ ဆိုပြီး မြန်မာ ပြည် ခေတ်အဆက်ဆက် က အစိုးရ ၊အုပ်ချုပ်သူ တွေ တိုင်းက ပြောဆိုနေကြတာကတော့ ကမ္ဘာမှာ မြန်မာ ပြည်ထက် လေတိုက်နှုန်းမြင့် ဟီးရိုး ပေါ တဲ့  တိုင်းပြည် ရှိမယ်မထင်မိပါဘူး။
ဒါပေမဲ့  ထင်တိုင်း မပေါက် တဲ့  ရေကရား လွှတ် နေခြင်းတစ်မျိုးဆိုတာ နိုင်ငံ ရေးသမား တိုင်းရော ၊နိုင်ငံရေး စိတ်မဝင်စားတဲ့  မြန်မာနိုင်ငံသားအားလုံးရော ငြင်းမရဘေူးဆိုတာ အားလုံးသိကြပြီးဖြစ်နေပါလိမ့်မယ်။ မြန်မာ ပြည်သား လူအများနဲ့  သက်ဆိုင်တဲ့  နိုင်ငံရေး မို့  ဆိုပြီး ခေါင်းစဉ် တွေ အမျိုးမျိုး ပြောင်းလဲ အုပ်ချုပ် လုပ်ကိုင် လာခဲ့ ကြတာ ကလည်း ဘိုးဘွားဘီဘင် လက်ထက် ကတည်းက ယနေ့ အချိန်ထိပါပဲ။
ထူးခြားတာကတော့ မြန်မာ ပြည် တစ်ပြည်လုံးကို ချိန်ဆ ကြည့်လိုက်မည်ဆိုလျှင် ဘာတွေ က ဘယ်လိုတွေ တောင် လုပ်ခဲ့ပြီးပြီဆိုတာ ကြည့် လိုလည်း မမြင် ၊ရှာ လို့  လည်း မရ ဖြစ်နေပါတယ်။ဥပမာ အနေနဲ့  မြန်မာ ပြည်ရဲ့  နိုင်ငံ ရေး ကို လက်ညှိုးထိုး ပြီး တိုးတက်နေတယ်ပြောမှာလား? ဒါမှ မဟုတ် စစ်ရေး ကြတော့ ရော ဖြစ်ဖြစ်မြောက်မြောက်တိုင်းပြည်တွေ ထဲ ပါ နေသလား? အဲ့ဒါမှ မဟုတ် လို့  မြန်မာ ပြည်ကတော့ နည်းပညာပိုင်း မြင့်မားနေတဲ့  အတွက် အဲ့  ဒီဘက်ကို လှည့်ကြည့် စရာ မလိုတော့ ပါဘူး လို့ ပြောနိုင်နေသလား?...............လိုအပ်ချက် အနေနဲ့  ကမ္ဘာ နဲ့  ရင်ဘောင်တန်းဖို့ ဆိုရင် ....လား...လား ...လား...တွေ များနေဆဲ ပါ...
ခေတ်သစ် စနစ်သစ် လို့ ခေါင်းစဉ်တပ်ပြီး အထက် ပါ ပြောခဲ့တဲ့  မေးခွန်းတွေ ကို အဖြေ ရှာ ကြတယ်လို့ ယေဘုယျ နားလည် လက်ခံ ထားကြ တဲ့  လက်ရှိ မြန်မာ့  နိုင်ငံရေးဟာ ပြည်သူလူထု အောက်ခြေ လူတန်းစားအများအပြားကို ဆက်လက်အသုံးချ နေဆဲ ဒီမိုကရေစီ တစ်ဝက်တစ်ပျက် ထက် မပိုဘူးဆိုတာ ပြောလို့ ရနေပါတယ်။
ဖွဲ့  စည်းပုံ ပြင်ဆင်ရေး ခေါင်းစဉ်အောက်က မြန်မာပြည်
=====================================
=====================================
လူထု ကို အသုံးချ မှု တွေ ထဲ မှာ အဆိုး ဆုံး တွေ ထဲ က အထူးခြားဆုံး ကိစ္စတွေ က တော့ လက်ရှိ ဖွဲ့  စည်းပုံ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး၊မြစ်ဆုံ ဆည် ကိစ္စ ဖြေရှင်း ရေး တွေ ဟာ လတ်တလော ပေါ် ပြူ လာအဖြစ်ဆုံး နဲ့  လိမ်နည်းညာနည်းတွေ သုံးပြီး ဒီမိုကရေ စီ ဇာတ်မျော က ဖို့ အကောင်းဆုံး ကကွက်များနဲ့ နိုင်ငံရေး အကယ်ဒမီ ရနိုင်တဲ့ ခေါင်းစဉ် များအဖြစ်လည်း မြင်တွေ့  နေရပါတယ်။
မြန်မာ ပြည်သူ လူ ထု လက်ရှိ အလိုလားဆုံး ကိစ္စ တွေ ထဲ မှာ ဖွဲ့  စည်းပုံ ပြင်ဆင် ရေး ဆိုတာ ထက် ဖွဲ့  စည်းပုံ လုံးဝ ဖျက် ပစ်ရေး နဲ့  ပြန်လည် ပြင်ဆင်ရေး ဆွဲ ရေး တို့ ပဲဖြစ်တယ်ဆိုတာ ပါတီ နိုင်ငံရေး သမားတွေ ရော၊လက်ရှိ ပြည်သူ့  အစိုးရရော ၊ မြန်မာ့  စစ်အစိုးရ ရော မသိကြတော့ တာလား၊မေ့နေကြတာလား ဆိုတာတော့ မေးခွန်းထုတ်ရမည့် အခြေအနေရောက်ရှိလို့ နေပါပြီ။
မြစ်ဆုံ ဆိုတာ နိုင်ငံရေး ကစားဖို့ အတွက် အကောင်း ခေါင်းစဉ်
==========================================
==========================================
အခြားတစ်ဖက်မှာလည်း မြန်မာ ပြည်အထက်ပိုင်းက မြစ်ဆုံ ဆည်တာတမံ အတွက် ပြည်သူ လူထု ရဲ့  အလိုလားဆုံးဆန္ဒကတော့ ဆည်တည်ဆောက် ဖို့ လက်မှတ်ထိုးထားတာတို့ ၊စာချုပ်ကိစ္စ တို့ ဆိုတာတွေ ကို လုပ်ကိုင်ခဲ့တဲ့ တာဝန်ရှိသူ တို့အား ဖော်ထုတ်အရေးယူပေးပြီး မြစ်ဆုံ ကို ဘယ်သူ က ရောင်းခိုင်းလို့ ၊ဆည်ဆောက်ခိုင်းလို့ ထ ထ အော်နေရတာလဲ ဆိုတဲ့  မေးခွန်းကို တာဝန်ယူ ဖြေရှင်း ပေးမည့် တာဝန်ရှိသူ၊တာဝန်ယူတတ် သူတွေ ကို လိုအပ်နေတာ ပဲ ဖြစ်ပါတယ်။
တကယ်တော့ မြစ်ဆုံရော ၊မြန်မာ ပြည် မြေပုံရော အများကောင်းစားဖို့ ၊တိုင်းပြည် ကောင်းစားဖို့ ဆိုပြီး ထင်ရာ ခေါင်းစဉ်တပ်ပြီး လုပ်ချင်ရာ လုပ်ခဲ့တာ က မြန်မာ ပြည်သူ လူထု မဟုတ်ခဲ့ဘူး ဆိုတာ လူတိုင်း သိသင့်ပါတယ်။
ဒါပေမဲ့  တစ်ချို့  ကလည်း မြစ်ဆုံ ကို ပြန်လည် ကယ်တင်ဖို့ အတွက် ပြန်လျော် ကြမယ်ဆိုပဲ ။အဲ့ဒီလို ပြန်လျော် တဲ့  ကိစ္စ မှာလည်း ဘယ်သူက ငွေ ကြေး အလကားပေးမှာလဲ ၊စိုက်ထုတ် လျော်မှာလဲ လို့ ဆိုကြ ပြန်တော့ ဘာမှ မလုပ်ခဲ့ ကြတဲ့ ၊တစ်ကျပ် တစ်ပြားမှ သုံးစွဲ မှု ထဲ မပါဝင် ခဲ့ကြတဲ့  ပြည်သူတွေ က ပဲ အနစ်အနာ ခံ ပေး ဆက် ကြရဦးမယ်လို့ ပြောဆိုနေကြပြန်ပါတယ်။အထူးသဖြင့် မြစ်ဆုံ ကိစ္စ မှ မဟုတ်ပါဘူး။အခြား ဘယ်လို မျိုး ကိစ္စ ပဲဖြစ်နေပါစေ...မြန်မာ ပြည်သူလူထု လိုလားတာကတော့ ရှေ့  ..နောက် ညီဖို့ နဲ့  တရားမျှ တမှု တို့ ဆိုတာ အခြေခံ တရား ဖြစ်တယ်လို့ လူတိုင်းသိမြင်သင့်လှ ပါတယ်။
ငြိမ်းချမ်းရေး ကိစ္စ
===========
===========
ငြိမ်းချမ်းရေး မှ မဟုတ်ပါဘူး...လက်ရှိ မြန်မာ ပြည် သူလူထု ခံစားမွန်းကြပ်နေရ တာတွေ အားလုံးဟာ ပြည်ပ ကိစ္စ နဲ့  လားလား မှ မသက်ဆိုင်တဲ့  ကိစ္စ တွေ ဆိုတာ လူတိုင်း သဘော ပေါက်သင့်ပါတယ်။
အဲ့ဒီတော့ ငြိမ်းချမ်းရေးလို့ ခေါင်းစဉ်တပ်ပြီး ပြည်တွင်း က လူတွေ အချင်းချင်း နိုင်ငံရေး အမြတ်ထုတ် အုပ်ချုပ် ဖို့ လုပ်နေတယ်ဆိုတာ ကတော့ ငြင်းမရတော့ ဘူးလို့ ပဲ ထင်မြင်မိပါတယ်။ဒါမှ မဟုတ်လို့ တာဝန်ရှိသူတွေ အနေနဲ့  ငြင်းချက် ထုတ် လို့ ရတယ်ဆိုရင်လည်း ပြည်သူ လူ ထု အတွက် ဆိုပြီး ခေါင်းစဉ် ထပ် တပ် နေကြ ဦးမယ်ဆိုတာ လူတိုင်း သိမြင်နေတယ်ဆိုတာတော့ ထည့် သွင်းစဉ်စား ရတော့ မှာပါ။
၂၀၂၀ ရွေးကောက်ပွဲ နဲ့  ပြည်သူ လူထု အနာဂတ်
=================================
=================================
မြန်မာ ပြည်မှာ နိုင်ငံရေး ကစားလို့ အကောင်းဆုံး ခေါင်းစဉ်တွေ ကို သုံးသပ် ဖော်ပြ ခဲ့ပြီးဖြစ်ပါတယ်။
လာမည့် ၂၀၂၀ ရွေးကောက်ပွဲ ခေါင်းစဉ် အောက်မှာ တော့ စီးပွားရေး တိုးတက်စေရမယ်တို့ ၊တရား ဥပဒေစိုးမိုးစေရမယ်တို့ ၊ပညာရေးကို ပြုပြင်မှာ ပါတို့ ၊ ရခိုင် အပါအဝင် တိုင်းရင်းသားဒေသ တွေ ဆီက လူမှု ရေး ပြဿနာ တွေ ဖြေရှင်းပေးမှာ ပါတို့ ၊ ကျန်းမာရေး အာမ ခံ ချက် ရှိအောင် ဆောင်ရွက်ပေးမှာ ပါတို့ ......အစရှိတဲ့  အသေးစားနိုင်ငံရေး ကစားကွက် ခေါင်းစဉ်လေးတွေ ကလည်း ရက်ကွက်ထဲ က ပဲ ပြုတ်သည် လို ပဲ တစ်ရွက် ကွက် ကို တစ်ခါ အော်သံ လေးတွေ ၊ရွတ်သံ လေးတွေ ကြားရမည့် အပြင်.....ပြည်သူ လူထု ကို ဦးထိပ်ထားပါတို့ .....တိုင်းပြည်ကို ကာကွယ်နေတာတို့ .....ပြည်သူသာ အမိ ၊ပြည်သူ သာ အဖတို့.....ဒီမိုကရေစီနိုင်ငံတော် သစ်ကြီး တည်ဆောက်နေပါပြီ တို့ ..........အစရှိတဲ့  အသုံးချ လေသံ များဟာ ပြည်သူ လူ ထု ထံ သို့ အ မြောက်ပစ်သလို ရောက်ရှိလာတော့ မယ်ဆိုတာ သတိပေး သုံးသပ် ပြော ကြား လိုပါတယ်။
အဲ့ ဒီလို ဆိုတော့ ပြည်သူ လူထု အနေဖြင့် အရှင်းဆုံး လုပ်ဆောင်ရမည့် ကိစ္စကတော့ ကိုယ့် အနာဂတ်ကို ကိုယ် တိုင် ပဲ သိမြင်ဆုံးဖြတ်နိုင်အောင် နိုင်ငံရေး ခေါင်းဆောင် များ တပ် ထားတဲ့  ခေါင်းစဉ်တွေ ကို ရိုက်ဖျက် ပစ်ကြဖို့ တိုက်တွန်းလိုပါတယ်။
သမိုင်းအစဉ်အလာ အရ ပြန်ကြည့် မည်ဆိုလျှင်လည်း မြန်မာ ပြည် မှာ ဘယ်လို အဖွဲ့  အစည်းပဲ အုပ်ချုပ်အုပ်ချုပ် ပြည်သူ လူ ထု က အသုံးချ ခံ ခဲ့ ရတာ ဖြစ်လို့ မိမိတို့ မကြိုက်ညီတဲ့  ခေါင်းစဉ် မျိုးကို ချက်ချင်း ရိုက်ချိုး ပစ်ကြ ဖို့ လိုအပ် နေပါပြီ။
နောက်တစ်ချက် အရေး ကြီး တာ က ဘယ်လို တွေ သည်းခံ ရမယ်တို့ ၊ဘာတွေ စောင့်ကြည့် ရမယ်တို့ ဆိုတာ နိုင်ငံရေးသမားတွေ ရဲ့  အချိန်ဆွဲ ခြင်းနည်းဗျူ ဟာ ဖြစ်လို့ သံယောင် လိုက် ဖို့ မလိုကြောင်း နဲ့  ချက်ချင်း လမ်းကြောင်း လွဲ တာ ရှိနေရင် တစ်ပြိုင် ထဲ ၊တစ်ချိန်ထဲ မှာ ပြိုင် တူ သံပြိုင် ချီတက် တွန်း လှန် ကြ ဖို့ သတိအမြဲ ထားရပါလိမ့်မယ်။
အနာဂတ် မှာ ပြည်သူ လူထု အနေနဲ့  ကိုယ့် ဘဝကို ထွန်းပြောင် အရောင်ထွက်ဖို့ ဆိုလျှင် မိမိတို့ ကိုယ်တိုင် ပဲ ကြိုက်နှစ်သက် ရာ ခေါင်းစဉ် တပ် ကြ ဖို့  နဲ့  အစိုးရ ၊အုပ်စိုး သူ တွေ ရဲ့  ခေါင်းစဉ်နောက်ကို မလိုက်ကြဖို့ ၊ အစိုးရ၊စစ်တပ် နဲ့  အတူ တိုင်းပြည်ရဲ့  ဝန်ထမ်း တွေက ဖန်တီးမှ ပဲ တစ်နိုင်ငံလုံး သာ ယာ လိမ့် မယ် ဆိုတဲ့  အယူအဆကို ချေချွတ် ဖို့ အသင့် ပြင်သင့် ပါပြီလို့ ပဲ ပြောပါရစေ။
ပြည်သူ လူထု အတွက် ပြည်သူ အများက ပဲ ကြိုက် နှစ်သက်ရာ ခေါင်းစဉ်ကို ရွေးခြယ် လုပ်ကိုင် ကြနိုင်ကြပါစေ.....ပြည်သူ လူထု အတွက် အကျိုး မရှိတဲ့  ခေါင်းစဉ် အားလုံး ကို ရိုက်ချိုး ဖြို ဖျက် နိုင်ကြပါစေ...
Comments