နည်းပညာလောကရဲ့  အဖျက်စီး အများဆုံး ကွန်ပျူတာ ဗိုင်းရပ် များ



ကမ္ဘာတလွှားက ကွန်ပျူတာ ပေါင်း 225,000 ကို တရုတ်နိုင်ငံက ဟက်ကင်းပြု လုပ်ခဲ့တဲ့ Code red ဗိုင်းရပ်ကတော့ အလွန်ကို အပျက်အစီးများခဲ့ပြီး ကမ္ဘာ့ နံပါတ် ၁ နေရာမှာ ရပ်တည်နေပါတယ်။အိမ်ဖြူတော်ကို အဓိက ထားတိုက်ခိုက်ခဲ့တဲ့ အင်တာနက်ဗိုင်းရပ်ဖြစ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအရ ဒေါ်လာ ၁.၂ ဘီလျံကျော် ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

2. Gameover Zeus (2014)
၂၀၁၄ ခုနှစ်တုန်းက ကမ္ဘာတလွှားမှာ ဒေါ်လာ သန်းချီဆုံးရှုံးမှု ဖြစ်စေခဲ့တဲ့ Gameover Zeus (2014) ဗိုင်းရပ်ကတော့ အမေရိကန်ပြည်ထောင်စုအတွက် ဒေါ်လာ သန်း $100 million ခန့် ဆုံးရှုံးခဲ့တယ်လို့ FBI မှတ်တမ်းတွေ အရသိရပါတယ်။အဲ့ဒီဗိုင်းရပ် ရဲ့  အဓိက တာဝန်ရှိသူတွေ ကတော့ ရုရှ က လို့ ဆိုပေမဲ့ Gameover Zeus နဲ့ ပ တ်သက်လို့ တော့ အငြင်းပွားမှုတွေ နဲ့ အတူ ထင်သလိုဖြစ်မလာပါဘူး။
3. iloveyou bug (2000)
ဟောင်ကောင်နိုင်ငံမှာ စတင်တိုက်ခိုက်ခြင်းပြု လုပ်ခံရတဲ့ iloveyou bug ကတော့ ၂၀၀၀ ခုနှစ်မှာ ကတည်းကအစပြု ခဲ့တာပါ။အဲ့ဒီကွန်ပျူတာဗိုင်းရပ်ကို ဖိလစ်ပိုင် ကွန်ပျူတာကျောင်းသားတစ်ယောက်ဖြစ်တဲ့ Onel de Guzman က တီထွင်ခဲ့ပြီး ကမ္ဘာမှာ အပျက်အစီးတန်ဖိုး ဒေါ်လာ ၁ ဘီလျံထိရှိခဲ့ပါတယ်။ဖိလစ် ပိုင်နိုင်ငံကတော့ အဲ့ဒီကျောင်းသားကို ဖမ်းဆီးခဲ့ပေမဲ့ မကြာခင်မှာ ပဲပြန်လည် လွှတ်ခဲ့ရတာပါ။၂၀၀၀ခုနှစ်တုန်းက ဖိလစ်ပိုင်မှာ ဆိုင်ဘာ၊ဟက်ကင်းကို အရေးယူတဲ့ ဥပဒေမရှိသေးပါဘူး။
4. Most Damaging Computer Virus MyDoom (2004)
Novarg လို အများကခေါ်တဲ့ ကွန်ပျူတာဗိုင်းရပ်ဟာ ၂၀၀၄ တုန်းက အပျက်အစီးအများဆုံးဖြစ်စေတဲ့ ကွန်ပျူတာဗိုင်းရပ် MyDoom ပဲဖြစ်ပါတယ်။အဲ့ဒီဗိုင်းရပ်ကို သတ်တဲ့ အန်တီဗိုင်းရပ်တီထွင်နိုင်သူကို ဒေါ်လာ $250,000 ပေးမယ်လို့ မိုက်ခရိုဆော့ ကကြေညာခဲ့ရပါတယ်။တကယ်တော့  ဗိုင်းရပ်ကြောင့် ကုမ္ပဏီတွေက ဒေါ်လာ သန်း ၂၅၀ လောက်ထိ ဆုံးရှုံးခဲ့ပြီးဖြစ်ပါတယ်။
5. Conficker (2008)
Conficker ကတော့ 2008 တုန်းက နိုဝင်ဘာလ ၁၂ ရက်နေ့မှာ တစ်ကမ္ဘာလုံးသိုပြန့်နှံ့ခဲ့တာဖြစ်ပါတယ်။ကွန်ပျူတာပေါင်း 500,000 ကျော်ကို ဖျက်စီးခဲ့ပြီး ဒိုမိန်းပေါင်း ၂၀၀ ကျော်ကိုလည်း ဟက်ကင်းလုပ်ခဲ့ပါတယ်။ တပတ်လောက် ကြာတဲ့ အချိန်မှာတော့ ကွန်ပျူတာပေါင်း 1.5 million ဆီသို့ ရောက်ရှိသွားပါတယ်။အဲ့ဒီနောက် ဆိုက်ဘာသမားတွေအတွက် ပြန်လည်တုန့်ပြန်နိုင်တဲ့ သူကို ဒေါ်လာ ၂၅၀၀၀၀ ပေးမယ်လို့ ကြေညာချက်ထုတ်ခဲ့ရပြီး ၂၀၀၉ ဧပြီမှာတော့ ကွန်ပျူတာ ၂ သန်းခန့် ဆီသို့ ဗိုင်းရပ်ပျံ့နှံ့သွားခဲ့ပါတယ်။

Comments

Popular posts from this blog

Tech Policy

ကွန်ပျူ တာနည်းပညာတွေ ဘယ်လို လေ့လာမှာပါလဲ?