ကျောင်းသား အတွေ့ ကြုံ
"သမဂ္ဂ မသိသော အချောင်လိုက် ကျောင်းသားများ နဲ့ ကျွန်နော်"
ယနေ့ခေတ် ယနေ့အချိန်မှာ ကျောင်းသားသမဂ္ဂတွေ အများအပြား ထွက်ပေါ်လာတာတောင်မှ (ဗကသ )သမဂ္ဂ ကို မသိချင်ယောင်ဆောင်နေတဲ့ ကျောင်းသား ၊အထူးသဖြင့် ဗကသ သမိုင်းလမ်းကြောင်း ကို သိအောင်မလေ့လာသည့် ကျောင်းသားများသည် အလွန်ကို ရှက်ဖွယ်အတိ ပြည့်နေသည့် အချောင်လိုက် လူပြိန်း ကျောင်းသားများဟု မှတ်ယူသင့်သည်။
သို့သော် ကျောင်းသားများ ဗကသ သမိုင်းလမ်းကြောင်းကို နားမလည်ခြင်းမှာ အကြောင်းအရင်းများစွာ ရှိနေသည်။ခေတ်အဆက်ဆက် စစ်အစိုးရ၏ လက်ကိုင်တုတ် ကျောင်းအာဏာပိုင်များကြောင့် ၄င်း၊ကျောင်းစာကြည့်တိုက်အား ရိုက်ဖျက်၍ သမိုင်းလိမ်စာအုပ်များ၊အပျော်အပျက်ဖတ်ရသည့် စာအုပ်များသာ ထားပေးခြင်းကြောင့်တစ်ကြောင်း ၊နောက်ဆုံးအဆင့် စစ်တပ် လက်ဝေခံ ဆရာ၊ဆရာမ၊ကျောင်းသား၊ကျောင်းသူများကြောင့် တိုင်းပြည်တည်ထောင်နိုင်ခဲ့သည့် ဗကသ အဖွဲ့ အစည်း၏ သမိုင်းမှန် မှာ ယနေ့ခေတ်မြင်ကွင်းလိုဖြစ်နေရခြင်းဖြစ်သည်။
ကျွန်တော်သည် ၂၀၀၉-၂၀၁၂ အစောပိုင်းကာလများတွင် ရွှေဘိုခရိုင်၏ ကျောင်းသမားများသမဂ္ဂ(ခရိုင် ဗကသ)၏ တာဝန်ခံကိုယ်စလှယ်(တနည်း)ဗကသ ပြန်လည်တည်ထောင်သူ အဖြစ် ကျောင်းသား နိုင်ငံရေးလောကကို နက်နက်ရှိုင်းရှိုင်းထိတွေ့ ဆက်ဆံခဲ့ဖူးသည်။
ဗကသ မျိုးဆက်များ၏ လက်ဆင့်ကမ်းမှုကြောင့် ထိုကဲ့သို့သော ခရိုင် ဗကသ တာဝန်ခံကိုယ်စလှယ် အဖြစ် အသိအမှတ်ပြု ခံခဲ့ရခြင်းဖြစ်ပြီး မြေအောက်အဖွဲ့  အစည်းအဖြစ် စတင်လှုပ်ရှားခဲ့သည့် အချိန်ပိုင်းကာလလည်းဖြစ်ခဲ့သည်။
ထိုအချိန်က သမဂ္ဂ မသိသော လူပြိန်းတက္ကသိုလ်ကျောင်းသားအများအပြားသည် ကျွန်တော့်အား ပြက်ရယ်ပြုခဲ့ကြပြီး ဗကသ အဖွဲ့  အစည်းတွင်းမှ နည်းစနစ်များကို တစ်လုံးမျှ နားလည်အောင်လေ့လာလိုစိတ်မရှိသည်ကို အထူးပင်သတိပြုမိခဲ့ရသည်။
ဗကသ ၏ အတွင်းရေးထဲတွင် ကမ္ဘာနှင့် ချီသည့် ကျောင်းသားအသိုင်းအ၀န်း ၊ပညာရေးအသိုင်းအ၀န်းရှိနေသည်ဆိုသောအချက်အားလည်း သမဂ္ဂ မသိသော တက္ကသိုလ်ကျောင်းသားလူပြိန်းများ လေ့လာရန် မဆိုထားနှင့် ဥာဏ်ရည်မမှီခြင်းကြောင့် ထင်ရာလျောက်ပြောနေသည့် အသံဗလံများသာ ကြားခဲ့ရဖူးသည်။
ပို၍ ဆိုးရွားသည်မှာ ဗကသ အဖွဲ့ သည် ကိုယ်ပိုင်ဦးနောက်ရှိသည့် ကျောင်းသားများ အဖွဲ့  ဟု တွေးထင်ပုံမရသည့် စစ်တပ်အသုံးတော်ခံ အဖွဲ့  အစည်းများထဲ၏ အတွေးအခေါ် လက်အောက်မှာ သာမန်ကျောင်းသားထု ပိတ်မိနေခဲ့ခြင်းဖြစ်သည်။
*အထူးမှတ်ချက်ပြု ၍ ပြောလိုသည်မှာ ကျောင်းစာသင်ခန်းထဲတွင် တစ်ရက်ကို ကျောင်းစာ ၇ နာရီခန့် ကြည့်သည့် လူပြိန်း ကျောင်းသားအချို့  သည် မိမိကိုယ် မိမိအလွန်တော်သည်ဟု ထင်မြင်နေပြီး ဗကသ ကျောင်းသားခေါင်းဆောင်တစ်ယောက်၏ တစ်ရက်လျှင် ၁၄ နာရီခန့် စာပေလေ့လာမှု အား ပြက်ရယ်ပြုခဲ့ခြင်းလည်းဖြစ်သည်။*
ခေတ်အဆက်ဆက် မြေအောက်ဗကသ ကျောင်းသားများအနေဖြင့် စစ်တပ် ထောက်လှမ်းရေးများ၏ ပိတ်ဆို့ မှုများအကြား ခက်ခဲသည့် နိုင်ငံရေးလမ်းစဉ်ကို အသက်စွန့် စဉ်းစားဆောင်ရွက်ခဲ့တာတောင်မှ ဦးနောက်မရှိဟု စွတ်စွဲခဲ့သည့် ပညာရေးနယ်ပယ်မှ ဆရာ၊ဆရာမ၊ကျောင်းသား ၊ကျောင်းသူ အများအပြားသည် ယနေ့ခေတ်မြင်ကွင်းများ၏ သမိုင်းမသိ ၊မှိုင်းမသိသော အဓိက တရားခံပြယုဒ်များအဖြစ်ထင်ရှားလာခြင်းဖြစ်သည်။

Comments