စမတ်​ဖုန်း နဲ့ ပြ ဿ နာ

SIM  ကဒ် နဲ့ ဆော့ဝဲလ် တွေ ထည့်မထား တဲ့ အန်ဒြွိုက်ဖုန်းတွေ ရဲ့  အားနည်းချက်

အန်ဒြွိုက် အော်ပရိတ်တင်း စနစ် အသုံးပြု တဲ့ ဖုန်း တွေ မှာ တည်နေရာအချက်ပြတွေ ပိတ်ထားတယ်ဆိုရင်တောင် ဂူဂဲလ် ဆီသို့ ဖုန်းဘယ်နေရာမှာရှိတယ်ဆိုတာ အချက်ပြနေကြောင်း ဖော်ထုတ် တွေ့  ရှိရပါတယ်။

ဒါကြောင့် လည်း ဆိုက်ဘာ ဆိုးသွမ်းမှု ကြောင့် ထောင်ဒဏ် ၅ နှစ်ကျခံနေရသူ Kevin Mitnick က တရားရုံးရဲ့  ကွန်ပျူတာတွေရဲ့  အချက်အလက်တွေ နဲ့ နျူ ကလိယား ပစ်လွှတ်မည့် အစီအစဉ်တွေ ကို ၀င်ရောက်စွက်ဖက်လို့ ရနိုင်တယ်လို့ ပြောတာဖြစ်နိုင်ပါတယ်။

ဂူဂဲလ် ကတော့ လက်ရှိ ထွက်ပေါ်နေတဲ့ အန်ဒြွို က် privacy သတင်းတွေ နဲ့ ပတ်သက်လို့ ကြောက်စရာ တစ်ခုအဖြစ်အငြင်းပွားဖွယ် ထူးထူးဆန်းဆန်း မြင်မက်ပုံမပေါ်ပါဘူး။

အန်ဒြွိုက်စနစ်သုံး နည်းပညာပစ္စည်းတွေ ဟာ ဖုန်း SIM ကဒ် နဲ့ အက်ပလီကေးရှင်းတွေ ထည့်မထားဘူး၊အလုပ်မလုပ်ဘူးဆိုရင်တောင်မှ ဂူဂဲလ်အနေနဲ့ တည်နေရာကို သိမြင်နိုင်ပါတယ်။

စနိုးဒင် ကို အမေရိကန်အစိုးရက ထောင်ဒဏ် ချဖို့ လုပ်တာကလည်း အဲ့ဒီလို နည်းပညာ လုံခြုံရေးတွေ နဲ့ ဒေတာ အချက်အလက်စုစည်းနေတဲ့ ကုမ္ပဏီတွေ နဲ့ အစိုးရဋ္ဌာနတွေ ကို ဖော်ထုတ်လို့ ပါပဲ။

နောက်ထပ်တစ်ချက်အနေနဲ့ Quartz magazine က ဖော်ပြထားတဲ့ စုံစမ်းထောက်လှမ်းမှုထဲမှာ အန်ဒြွိုက်ရဲ့  ဒေတာတွေ ဟာ ဘာ အာမခံချက်မှမရှိပဲ အကာအကွယ်မဲ့ နေတယ်လို့ ဆိုပါတယ်။

အကယ်၍ အင်တာနက်ချိတ် လိုက်ပါက အချက်အလက်တွေ အားလုံး အင်တာနက်လိုင်းပေါ်ရောက်နေပြီး ဆိုက်ဘာ တိုက်ခိုက်မှု တွေ ထဲ မြောပါနေမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ ယခုနှစ် ဇန်န၀ါရီကမှ ဂူဂဲလ်က Cell ID codes တွေ ကို အသုံးပြု ပြီး စောင့်ကြည့်မှု တွေ ပြု လုပ်နေပါပြီလို့ တော့ ပြောထားပါတယ်။

ဂူဂဲလ်အနေနဲ့ သုံးစွဲ သူတွေ ယုံကြည်ဖို့ နိုဝင်ဘာ လ ကုန်မှာ တော့ ယခု ကိစ္စဖြေရှင်းဖို့ ရှိနေပြီး Quartz ရဲ့  မှတ်တမ်းတွေ ၊မှတ်ချက်ပြု စစ်ဆေးတာတွေ အတွက်လည်း အချိန်ကြာရှည်အောင် လုပ်လို့ ရနိုင်မှာတော့ မဟုတ်ပါဘူးလို့ ပြောထားပါတယ်။

လက်ရှိမှာတော့ ဂူဂဲလ် က လင်းနစ်ကာနယ်ပေါ်မှာ အခြေခံပြီး  ဒီပလို့ လုပ်ထားတဲ့ အန်ဒြွိုက်တွေ အဖြစ် မိုဘိုင်း ပစ္စည်းတွေ ၊တက်ဘလက်တွေ နဲ့ စမတ်ဖုန်းတွေ ဈေးကွက်မှာ များစွာ ရှိနေပါတယ်။

ကဲ ဖြစ်နိုင်ရင် ကျွန်တော့် လို ကီးပက်ပဲ ကိုင်စေချင် 😋😋😋

Comments

Popular posts from this blog

Tech Policy

ကွန်ပျူ တာနည်းပညာတွေ ဘယ်လို လေ့လာမှာပါလဲ?