စမတ်မြန်မာ
"Smart City(စမတ်စီတီ) နှင့် မြန်မာ့အိမ်မက်"
ဖိုဒ့်မဂ္ဂဇင်းက ဖော်ပြခဲ့တဲ့ စမတ်စီတီ စာရင်းဝင်မြို့ များထဲတွင် အမေရိကန် နယူးယောက်မြို့ သည် ထိပ်ဆုံးမှ ရပ်တည်နေပြီး အဲ့ဒီနောက် လန်ဒန် မြို့ နှင့် ပြင်သစ်ရဲ့  ပါရီမြို့ တို့ က ဒုတိယ နှင့် တတိယ နေရာမှာ လိုက်ပါပြုပြင်ရပ်တည်နေပြီဖြစ်သည်။
စမတ်စီတီဟု ဆိုလိုက်သည်နှင့်အမျှ ပုံဖော်ရမည့် အချက်အလက်များကို ယေဘုယျ ပြောဆိုရမည်ဆိုလျှင်(human capital )နည်းပညာရှင် လူသားအရင်းအမြစ်များ လိုအပ်လာခြင်း၊(social cohesion)အတူယှဉ်တွဲ နေထိုင်တတ်ဖို့လိုအပ်လာခြင်း၊စီးပွားရေးအဖွဲ့  အစည်းများ၊အစိုးရအဖွဲ့ အစည်းများ၊ပတ်ဝန်းကျင် အနေအထား၊သယ်ယူပို့ဆောင်ရေးစနစ်ကောင်းများ(မြန်နှုန်းမြင့် မီးရထားများ၊စက်ဘီးစီးသွားလာနိုင်သည့် လမ်းစနစ်များ၊ပြည်သူလူထုအတွက် ၀န်ဆောင်မှုကောင်းသည့် ဘတ်စ်ကား လိုင်းများ) အစရှိသည်တို့ လိုအပ်သည်။
မြန်မာနိုင်ငံကဲ့သို့ သော ရန်ကုန်မြို့ လို နေရာမျိုးမှာ စမတ်စီတီအဖြစ်တည်ဆောက်ရန် အတွက် နည်း ပညာရှင်အများအပြားလိုအပ်သည့်အပြင် ပြုပြင်တည်ဆောက်ရေးအတွက်အသုံးပြုမည့် ပစ္စည်းများကို ထုတ်လုပ်နိုင်ရန်လည်းလိုအပ်သည်။
အမေရိကန် နိုင်ငံ နယူးယောက်မြို့ သည် စမတ်စီတီအဖြစ် မြန်မြန်ဆန်ဆန် တိုးတက်ပြောင်းလဲအောင်ပြုလုပ်နိုင်ခြင်းမှာ ဘေးပတ်ဝန်းကျင်မှ နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့ပေးမည့် ကုမ္ပဏီ များ ပေါများခြင်းကြောင့် ချက်ချင်း ဆိုသလို ထိပ်ဆုံးရောက်လာခြင်းဖြစ်သည်။ မြန်မာလို နိုင်ငံမျိုးမှာ လိုအပ်သော အချက်အလက် ပစ္စည်းများကို ပြည်တွင်း ကုမ္ပဏီ အုပ်စု နှင့် မြန်မာလူမျိုးများမှ ထောက်ပံ့ပေးနိုင်မည်မဟုတ်သောကြောင့် ပြည်ပသို့ ငွေ ကြေးပေး၍ ပုံဖော်မှ သာရနိုင်မည်ဖြစ်သည်။
ယခုအချိန်သည် ကမ္ဘာ့နည်းပညာတိုးတက်မှု နှင့် ချိတ်ဆက်မှု သည် 5G ကွန်ယက်နှင့်အတူ အင်တာနက်ချိတ်ဆက်မှုများမှတစ်ဆင့် စက်ပစ္စည်း အချင်းချင်း ချိတ်ဆက်မောင်းနှင်နိုင်အောင် တီထွင်ထုတ်လုပ်နေသည့် အချိန်ကာလလည်းဖြစ်သည်။
မြန်မာပြည်တွင် စမတ် စီတီ တည်ဆောက်မည်ဆိုလျှင် မောင်းသူမဲ့ ကားများ၊မောင်းသူမဲ့ လေယာဉ်များ၊အစရှိသည့် နည်းပညာများသည်လည်း မရှိမဖြစ် လိုအပ်လာမည်ဖြစ်သည်။ထိုကဲ့သို့နည်းပညာများကို ရှိနေပါလားဟု မသိသေးသည့်မြန်မာနိုင်ငံတွင် စမတ် ဆိုသော စကားလုံးမှာ စာဖတ်၍ ပြန်လည်ပြောပြနေသည့် အဆင့်သာလျှင်ရှိမည်ဖြစ်သည်။
သို့ဖြစ်၍ လက်ရှိ မြန်မာ့နည်းပညာနှင့်အတူ စတိတ်ဟိုးဒါးများ၏ စမတ်စီတီ ဆိုပြီး အော်မြည်တွန်ကြူးနေသည့် ကိစ္စရပ်တွင် နိုင်ငံတကာမှ လုပ်၍ လိုက်လံလုပ်ရခြင်း၊ခေါင်းစဉ်ကောင်းအောင်တပ်ခြင်းမျှလောက်သာဖြစ်နိုင်ချေအဆင့်ရှိမည်ဟု ခန့်မှန်းမိသည်။
အကယ်၍ စမတ်စီတီ ကို ဖြစ်မြောက်အောင်တည်ဆောင်ရန် ဆန္ဒရှိလျှင် နိုင်ငံတော်၏ တာဝန်ရှိသူများအနေဖြင့် လာမည့် မျိုးဆက်သစ်နည်းပညာရှင် လူငယ်များကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ရန်လိုအပ်လာမည်ဖြစ်ကြောင်း အကြံပေးရေးသားအပ်ပါသည်။
zmo(ytu)

Comments