Side-effect of Pollution
ပေါ်လူးရှင်း မျိုးဆက်တို့ရဲ့ အကျိုးဆက်
============================
မြန်မာပြည်မှာ လက်တွေ့ကျသည့် အမှန်တရား အား ထောက်ပြ ပြုပြင်လိုသည့် မျိုးဆက်
အခြေအနေသည် "ပေါ်လူးရှင်း " နွံထဲမှ ရုန်းကန်လိုခြင်းမရှိ သည့်အပြင် ယနေ့လူငယ်မျိုးဆက်များအား ပေါ်လူးရှင်းနွယ်ဝင် လူကြီးများမှ အတွေး၊ယုံကြည်မှု၊အယူအဆ လက်ဆင့်ကမ်းမှုအပါအဝင် စကားလုံးလှိုင်းဝါဒများ သွပ်သွင်း နေခြင်းမှာ သပွတ်အူ အဆင့်ထိ ဖြစ်နေသည်။
မြန်မာ့ လူ့ဘောင်အသိုင်းအဝန်းသည် မည်သည့် တန်ဖိုးထားရမည့် ကိစ္စများမှာမဆို ပါဝင်ဖေးမရပ်တည် ခြင်းမျိုး ဖြင့် ကူညီနေသူနည်းပါးသလိုလည်း သုံးသပ်မိသည်။
အများစု လက်ခံသည့် အမှန်တရား တိုးတက်ထွန်းကားရေး ဖော်ဆောင်မှုလမ်းကြောင်းသည် ရှေးယခင်နှစ်ပေါင်းများစွာမှစ၍ ယနေ့ အချိန်ထိ တာဝန်ယူခြင်းကင်းစွာ လည်ပတ်စေလျက်မြင်တွေ့ကြရသည်။တစ်ပြိုင်နက်မှာပဲ ပေါ်လူးရှင်းထကြွမှုမျိုးဆက်မှ လူကြီးများသည် လူရာဝင်ချင်သည့်စိတ်ဓာတ်၊အမူအကျင့်များကို လွှတ်ချနိုင်ခြင်း မရှိသည့်အတွက် လူငယ်များအပေါ် ဆက်တိုက် အကျိုးဆက်ခံစား စေခြင်းမျိုးလည်းပြုမူလျက်ရှိနေသည်။
တိုင်းပြည်တစ်ပြည်၏ ရှေ့သို့လားရာ အခြေအနေသည် အဆိုပါတိုင်းပြည်၏ ယခင်က လာရာ လမ်းအတိုင်း ချိတ်ဆက် ဖြစ်ပေါ်နေမှုမှာ ကြောင်းကျိုး သဘောတရား အဖြစ် ရှိနေမည်။
ယနေ့ခေတ် မြန်မာ လူငယ်များသည် အဘယ်ကဲ့သို့ပင် စဥ်းစားဥာဏ်ထက်မြတ်ပြီး ပညာရှိသူတော်ကောင်းအကျင့်ကို ကျင့်ကြံအားထုတ်တတ်နေ သူများ ဖြစ်ခဲ့လင့်သော်၊ ဖြစ်အောင်ကျင့်ကြံမည်ဆိုသော်လည်း ယခင်ပေါ်လူးရှင်း လူကြီးမျိုးဆက်များ၏ ဘာသာတရားခုတုံးလုပ် အမြတ်ထုတ်တတ်သည့်အကျင့်၊နိုင်ထက်စီးနင်း စီးပွားအကျိုးမြတ်ထုတ်ယူတတ်သည့် လမ်းပြမြေပုံ သိရှိမှုအကျင့်၊နိုင်ငံရေး အမြတ်ထုတ် ဗိုလ်ကျစိုးမိုးခြယ်လှယ်တတ်သည့်အကျင့်၊လူမှု အကျိုးပြု လုပ်ငန်းဗန်းပြ ၍ အကျင့်ပျက်မျက်နှာဖုံးစွတ်တတ်သည့်အမူအကျင့်၊ပညာရေးဖြင့် စိတ်ဓာတ်ရေးရာဖျက်စီးပြီး အုပ်စိုး ဗိုလ်ကျမှု တွင် နောင်မျိုးဆက်များ၏ အနာဂတ်ကို နိမ့်ကျစေရန် စနစ်တကျ ပညာရေး လမ်းကြောင်းကို ဖျက်စီပြီး မိမိတို့ တစ်ကိုယ်ရေ အသိုင်းအဝန်းတစ်ခုအား မြင့်မားရာပညာရေး နယ်ပယ်ရရှိအောင် တစ်ကိုယ်ကောင်းစံ လှုပ်ရှားတတ်သည့်အကျင့်၊ကျန်းမာရေးနယ်ပယ်တွင် လိုအပ်သည့် စိတ်ရင်းစေတနာ နှင့် စီမံခန့်ခွဲမှု နည်းစနစ် အစား လူတစ်စုကောင်းစားရေးလုပ်ပိုင်ခွင့် အသုံးပြု၍ စနစ်တကျ လူများစုကိုနစ်နာအောင်တည်ထောင်ကျင့်ကြံနေထိုင်တတ်သည့် အမူအကျင့်၊အများအကျိုးဆောင်နိုင်သည့် အသင်းအဖွဲ့ လူပုဂ္ဂိုလ် များကို သက်လျှိုဖြိုခွဲ ပြိုင်ဘက်ကိုကျော်ဖြတ် ရန်ကြံစည်ကြိုးပမ်းတတ်သည့်အမူအကျင့်.....အစရှိသည့် ပေါ်လူးရှင်းအချက်အလက်များကို သံမှိုစွဲသလိုလက်ခံပြီးမှ မသိသလိုသိသလို လုပ်နေကြခြင်းဖြစ်သည်။
ပေါ်လူးရှင်းမျိုးဆက်များဖြင့်ဒွန်တွဲအသက်ဆက်နေကြရသည့် လူထုသည် နိုင်ငံတွင်းလက်ရှိအခြေအနေ ဖြစ်စဥ်များ နှင့်ပင် ပိတ်မိနေပြီး ယနေ့မြန်မာနိုင်ငံတော်ကို အဘယ်ကဲ့သို့စုဖွဲမှုမျိုးဖြင့်ရှေ့ဆက်မှာ လဲဆိုသည့် လက်တွေ့ကျကျ လက်ခံကျင့်သုံးမှု အပိုင်း မှာ အဖြေ မရှာဖွေ လိုကြသည်ကိုလည်းတွေ့ရသည်။
နိုင်ငံရေးသဘောအရ လည်း လူအများစု၊အဖွဲ့အစည်း တာဝန်ရှိသူ၊နိုင်ငံရေးထိပ်ပိုင်းခေါင်းဆောင်များ နှင့် ၄င်းတို့၏ နောက်လိုက်များ သည် အုပ်စုဖွဲ့ ရပ်တည်မှုကို အလွန်အမင်း ဦးစားပေးနေကြပြီး တိုင်းပြည် ၏ ဦးတည်မှုကို မူ လစ်လျူရှု ထား သလိုဖြစ်နေသည်။
ယခင်ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များမှ ပေါ်လူးရှင်းမျိုးဆက်တို့ရဲ့ အကျိုးဆက်များကြောင့် ပြည်မ ဗမာအချင်းချင်း အကြား တန်းတူညီမျှမှု၊တရားမျှတမှု၊ အမှန်တရားနှင့်ငြိမ်းချမ်းရေးကို အကောင်အထည် ဖော် လက်တွေ့ကျင့်သုံးနိုင်ခြင်းမရှိသေးသော်လည်း တောင်တန်းဒေသများ သို့
ဖစ်ဒရယ် ကို လူပါးဝစွာ အထက်စီးဆန်ဆန် အော်ဟစ်နေမှုများ မှာ ပေါ်လူးရှင်းမှန်းမသိပဲ မျိုးဆက်များအား အကျိုးဆက် ခံစားနေခြင်းပင်ဖြစ်ပါကြောင်းသုံးသပ်ရပေမည်။

Comments