နည်းပညာ ဂယက်
အနောက်အုပ်စု ရဲ့ နည်းပညာ အရွေ့ နှင့် စီးပွားရေး လှိုင်း ဂယက်
==============================================
မကြာမီပေါက်ဖွား လာတော့မည့် နည်းပညာ အသစ်အဆန်းများ ကြောင့် ကမ္ဘာ့ လူမှု စီးပွား လည်ပတ်မှု လုပ်ငန်းများ ကို ပြောင်းပြန်လှန်၊ထက်ဝက်ကျိုး ပျက်ကျမည့် အလား အလာ များလည်း ရှိနေသည်ကို သတိပြုကြရတော့မည်ဖြစ်သည်။
ဒီဂျစ်တယ်ငွေကြေး လည်ပတ်မှုများ ကို အနောက်အုပ်စုက မျက်စိကျလာသလို မကြာသေးမီအချိန်ကလည်း ဖေ့ဘုတ်(facebook)ကဲ့ သို့ လှုမှုကွန်ယက် နည်းပညာ ကုမ္ပဏီကလည်း ၄င်းတို့၏ ကိုယ်ပိုင် ဒီဂျစ်တယ် ငွေကြေးဖော်ဆောင်မှု လုပ်ငန်း အရ လီစ်ဘရာ(Libra) ဒီဂျစ်တယ်ငွေကြေး တီထွင်လည်ပတ်မှု ကို စတင်လာ ဖွယ် ရှိနေပြီဖြစ်သည်။
ဘစ်ကွိုင်(bitcoin)ခေါ် ဒီဂျစ်တယ် ငွေကြေး တီထွင်ခဲ့မှုမှသည် နိုင်ငံကြီးများရှိ နည်းပညာ ကုမ္ပဏီများ နှင့် မှောင်ခို စီးပွားရေး ၊အတွေးခေါ်ကောင်းသည့် ကမ္ဘာ့ နိုင်ငံရေးတည်ဆောက်မှု၊လက်ရှိ လည်ပတ်နေသည့် နိုင်ငံတကာစီး ပွား ရေး အသိုင်းအဝန်း ကို ပြောင်းပြန် လှန်ပစ်နိုင်သည်အထိ ကြီးကျယ်လာမှု.....အစရှိသည်များကို မြင်တွေ့ ရဖွယ်လည်း ဖြစ်သည်။
အပြောင်းအလဲဂယက်များ အကြား အနောက်အုပ်စု၏ မျော်မှန်းချက်မှာ လက်တွေ့ဆန်နေသလို 5G(ပဥ္စမ မြောက် ဆက်သွယ်ရေးမျိုးဆက်)ကြောင့် Blockchain(ဒီဂျစ်တယ်ငွေကြေး စီးဆင်းမှု ထောက်ပံ့ရေး နည်းပညာ) ကို ပိုမိုအသက်ဝင်လာစေသလို၊ တစ်ဖက်မှာလည်း ကုန်ထုတ်လုပ်မှု နှင့် သယ်ယူပို့ဆောင်ရေး စျေးကွက်အတွက် AI(artificial Intelligence) မှတ်ဥာဏ်တု ပြု လုပ်အသုံးချမှု နည်းပညာဟာ သာမန်ထက် ကြောက်စရာ ဖြစ်လာနေပြီ ဖြစ်သည်။
AI(အေအိုင်)နည်းပညာ သည် သာမန် ကိစ္စ များမှာသာမက ဇီဝ စမ်းသပ် မှု၊ နာနို နည်းပညာ အခြေပြု Bio-Terrorism (ဇီဝ အထူးပြု ဖန်တီးထားသည့် ဗီဇ လက်နက်ပိုးမွှား)ကိစ္စ များ အထိ ဆက်နွယ် လာခြင်း၊ အနာ ဂတ်ကမ္ဘာကို စိန်ခေါ်မည့် ထူးဆန်း ဗီဇ သက်ရှိများ ကိုဖန်တီးရာမှာ ပိုမို တိုးတက် ဖြစ်ထွန်းလာသည်နှင့်အမျှ ကွမ်တမ်(quantum) နည်းပညာ ထပ်တိုးပေါင်းစပ်မှု များမှာ အနောက်အုပ်စု၏ သီးခြား အစီအစဥ်များ အဖြစ် ရှိလာပြီလည်းဖြစ်သည်။
ကွမ်တမ် သယ်ယူပို့ဆောင်ရေး နှင့်
ဆက်သွယ်မှုစနစ်၊အေအိုင် မှတ်ဥာဏ်ပေါင်းစပ်မှုစနစ် နှင့် ဆဋ္ဌမမြောက်(6G) တယ်လီ ဆက်သွယ်ရေးမျိုးဆက်အပါအဝင် အရာရာတိုင်းဟာ အင်တာနက်လှိုင်းလုံးများ (Internet of things)သာမက မခန့်မှန်းနိုင်သည့် လူနေမှု စနစ်ကွာဟမှု များ အောက်မှာ ကမ္ဘာ့စီးပွားရေးသည်လည်း ယခုလည်ပတ်နေသည့် အခြေအနေနှင့် များစွာ ခြားနား လာတော့မည့် အရိပ်အယောင်များ လည်း တွေ့ရသည်။
နိုင်ငံတကာ နိုင်ငံရေးတွင် Policy Maker (ပေါ်လစီ မူဝါဒ ချမှတ်သူများ)၊စီးပွားရေး ပညာရှင်များ.....အစရှိ သည့် နယ်ပယ်စုံမှ အစ နိုင်ငံတစ်နိုင်ငံ၏ ကာကွယ်ရေး အခြေစိုက် စစ်တပ်များ ပါမကျန် အနောက်အုပ်စု၏ နည်းပညာ ဆန်းသစ်မှု များ အကြား ပိတ်လှောင်ခံရဖွယ်လည်း ရှိနေသလို Blockchain(ဘလော့ချိန်း) အရွေ့ ကြောင့် နည်းပညာ ကုမ္ပဏီများ ၏ လှည့်ကွက်များ အကြား ဒီဂျစ်တယ်ငွေကြေး စီးဆင်းမှု သီအိုရီကို လျော့ တွက်၍ လည်း မရနိုင်သည့်အနေအထား မျိုး ရောက်ရှိ လာတော့မည် ဖြစ်သည်။
မကြာသေးမီက ထုတ်ဖော် ပြသ အကောင်အထည် ဖော်ခဲ့သည့် အီလွန်မက်စ်(Elon Musk) ၏ spaceX ကုမ္ပဏီ လုပ်းငန်းမှ ဂြိုလ်တု ပစ်လွှတ်မှုများသည် အနာ ဂတ် အင်တာနက်လွတ်လပ်မှု ဆီသို့ ဖြတ်သန်းရန် အစီအစဥ်များ ရှိနေသလို ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ကို နည်းပညာ ဖြင့် လှိုင်းဂယက်ထစေကာ အနောက်အုပ်စု၏ ရှိရင်းစွဲ နည်းပညာ ပေါင်းစပ်မှု များ ပိုမိုပေါင်းစပ်ထကြွချိန်လည်း အခွင့်ကောင်း အဖြစ် တွေ့ မြင်နေရသည်။
အနောက်အုပ်စု၏ စီးပွားရေး မျော်လင့်ချက်ကြီးမားမှုကို သုံးသပ်ရာတွင် အလွန်အမင်း အထင်ကြီး နေ၍ မဖြစ်နိုင်သော်လည်း အာရှ နှင့် အရှေ့ အလယ်ပိုင်းများသို့ ပဲ့ထိမ်းဒုံးကျည်များ ပစ်လွှတ် နိုင်သည့် အံ့မခန်း နည်းပညာများကို လျော့တွက်၍ မရ နိုင်ကြောင်း သိမြင်ပြီးဖြစ်သည်။
အဆိုပါ နည်းပညာအသုံးပြု ပဲ့ထိမ်းဒုံးများကို အနာဂတ်ကမ္ဘာတွင် အရေးပေါ်သယ်ယူပို့ဆောင်
ရေးအတွက် အသုံးချရန် စီစဥ်နိုင်သလို အကြမ်းမျဥ်းအားဖြင့် တစ်နာရီလျှင် မိုင်ပေါင်း ၁၀၀၀ နှုန်းဖြင့်လည်ပတ်နေသည့် ကမ္ဘာ့ ဖြစ်တည်မှု အရှိတရား ကို အခြေပြု လာဖွယ်လည်း ရှိနေသည်။
အနာဂတ်ကမ္ဘာ၏ ဒီဂျစ်တယ် ငွေကြေး လည်ပတ်မှုစနစ်၊နည်းပညာ မြင့်သယ်ယူပို့ဆောင်ရေးစနစ်၊ဆိုက်ဘာ အရင်းမြစ်များမှ လူတစ်ဦးချင်းစီ၏ သီးခြားလွတ်လပ်မှု ခြိမ်းခြောက် ခံရနိုင်သည့် နည်းပညာ မြင့် စုံစမ်းထောက်လှမ်းမှု၊robot(စက်ရုပ်)ကမ္ဘာ၊အင်တာနက်ထိမ်းချုပ်မှု ပင်မ လူနေမှု ဂယက်၊နောက်ကြောင်းပြန်ရန်ခက်ခဲသည့် AI အထူးပြု လှိုင်းလုံး.....အစရှိသည့် အခြေ
ခံ အပြောင်းအလဲများအကြား သာမန်လူများ ၏ လုပ်ငန်း နှင့် ရပ်တည်မှုများ မှာ လမ်း စ မဲ့ ခြေလှမ်း များ အဖြစ် ပြောင်း လဲ မှု ကြုံတွေ့ရတော့မည်လည်းဖြစ်သည်။
ကမ္ဘာ့ စီးပွားရေးလှိုင်းလုံး များသည် စတော့စျေးကွက်(stock market) ပေါ်တွင် မူတည် နေရုံမျှမက အဆိုပါ စတော့စျေးကွက်သည် သာမန်နိုင်ငံရေး ပေါ်လစီပေါ်သာ အားကိုး၍ မရနိုင်တော့ သည့်အခြေအနေမျိုးဖြစ်လာပြီး နည်းပညာ ဂယက်ကြောင့် မတည် မငြိမ်နှင့်အပြောင်းအလဲ ပိုမိုမြန်ဆန်လာ ဖွယ်လည်း ရှိနေသည်။
ယနေ့ခေတ် သတင်းအခြေပြု အုပ်ချုပ်ရေးစနစ်သည် နည်းပညာ၏ ပံ့ပိုးမှုဖြင့် ပိုမိုပွင့်လင်း မြင်သာ၍ လွတ်လပ်မှု ဆီသို့ဦးတည်လာသော်လည်း နိုင်ငံရေးစနစ် အရွေ့ များမှတစ်ဆင့် စီးပွားရေး လည်ပတ်မှု နည်းပညာ အားဖြည့်လောင်စာ များ ကြောင့် အုပ်ချုပ်ရေးယန္တယားကို အထူးသတိပြု ကြပ်မတ်နိုင်ရန် သတိပြုစရာ ဖြစ်လာပြန်သည်။
ကမ္ဘာ့ စီးပွားရေး ကို အနောက်အုပ်စု၏ လွှမ်းမိုးချုပ်ကိုင်လိုခြင်းဆန္ဒများအရ ဖြစ်ပေါ်လာမည့် အရွေ့များမှာ သာမန်စီးပွားရေးဗျူဟာများဖြင့် သက်ဝင်လာဖွယ် ၊ကာကွယ်နိုင်ဖွယ်မရှိတော့သည့်အပြင် နိုင်ငံကြီးများ၏ စီးပွားရေး တိုးတက်မှုကို အင်အားမဲ့ နိုင်ငံငယ်များ အနေဖြင့် နောက်မှ လိုက်၍ ချဥ်းကပ် နေရုံဖြင့် အနာဂတ် တိုးတက်မှု ဖြစ်ပေါ် မည် မဟုတ်တော့ သည့်အခြေအနေလည်းဖြစ်သည်။
အနောက်ကမ္ဘာမှ နည်းပညာလောက သားများသည် လက်ရှိဖြစ်တည်နေသည့် ကမ္ဘာလုံးဆိုင်ရာ အရွေ့ ကိစ္စများကို ကျော်ဖြတ်နိုင်ရန် နှင့် အနာဂတ်ကမ္ဘာ ကို လွှမ်းမိုးချုပ်ကိုင်နိုင်ရန် လက်ရှိလည်ပတ်နေသည့် စီးပွားရေး စနစ်များကို နည်းပညာ ပေါင်းစပ်မှု ဖြင့်ချိတ်ဆက် ဖြတ်ကျော်မည့် အစီအစဥ်ရေးဆွဲနေသည်မှာ လက်တွေ့ အကောင်အထည် ပေါ်လွင်နေပြီလည်းဖြစ်သည်။
လက်ရှိမြန်မာပြည်လို အခြေအနေမျိုးသည်လာမည့် ဒီဂျစ်တယ် ဘလော့ချိန်းလိုမျိုး၊လာမည့် ကွမ်တမ်(quantum transportation)သယ်ယူပို့ဆောင်ရေး ကိစ္စလိုမျိုး၊လာမည့် ဆိုက်ဘာ အခြေပြု အုပ်ချုပ်ရေးကိစ္စလိုမျိုး၊လာမည့်........... ကိစ္စများအတွက် ကြိုတင်ပြင်ဆင်သင့်လှသော်လည်း ၁၉၆၂ လူဗလာများအုပ်စု၊ ၁၉၈၈က ဘွဲ့ရခဲ့သည့် ဘလောင်းဗလဲ အုပ်စု၊၂၀၁၅ နောက်ပိုင်း ပလ္လင်ပေါ် အိပ်ပျော်နေသည့်မျိုးဆက်ပညာရှင်ကြီးများကြောင့် ပညာရေးမှာ တတိယ ဘာသာစကား(third language) ထည့်သွင်းသင်ကြားခြင်းအစား "ဂျာအေး သူ့အမေရိုက်"ကဗျာဖြင့် ဝိုင်းကြီးပတ်ချာ သံသယာလည်နေခြင်း၊ကမ္ဘာ့စီးပွားရေး လည်ပတ်မှုကို ချိုးဖျက်ဖောက်ထွက်နိုင်ရန် အခြေခံပညာရေး လေ့ကျင့်မှု အခြေပြု သိပ္ပံပြတိုက် ၊စမ်းသပ်ခန်းများတည်ဆောက်ရေးအစား "ကလေးထိန်းသင်တန်းကျောင်းသာ အာရုံစိုက်နေခြင်း" များမှာ စိုးရွံ့ ဖွယ်အခြေအနေဖြစ်ပါကြောင်းသုံးသပ်ရပေဦးမည်။
ZMO
Photo-up
"အနာဂတ်ကမ္ဘာကို ငေးမောမိခဲ့သည့်ရက်စွဲများ"

Comments