ဘရောက်ဇာ နည်းပညာ နဲ့ပတ်သက်လို့

ဘရောက်ဇာ နည်းပညာများအပေါ် ကျွန်တော့် ရဲ့ အမြင်
====================================

ကျွန်တော်တို့ နေ့စဉ် အသုံးပြုနေသည့် လူမှု ကွန်ယက်၊ အက်ပလီကေးရှင်း နည်းပညာများနှင့်  အိုင်အိုတီ စနစ် နည်းပညာပစ္စည်းများ ဟာ လက်ရှိ သုံးစွဲ သူတွေ ရဲ့ လုံခြုံရေးကို ဘယ်လို များ ခြိမ်းခြောက်နေပါသလဲ?

အထက်ပါမေးခွန်းကို ကျွန်တော် သိရ သည့် အချက်များ နှင့် သတိထားမိသည့် အချက်အလက်များအရ အနည်းငယ်ဖော်ပြ ပေး လိုက်ပါတယ်။

နေ့စဉ်အသုံးပြုနေတဲ့ ဘရောက်ဇာ ဆော့ဝဲလ်တွေ ဖြစ်တဲ့ ဂူဂဲလ်ခရုန်း၊ဖိုင်းယာဖိုစ့် နဲ့ အော်ပရာ.......... တို့ ကဲ့သို့ ဝက်ဒ် နည်းပညာသုံး အင်တာနက်ဘရောက်ဇာ တွေ ဟာ ၄င်းတို့ ရဲ့ နောက်ကွယ်မှာ အထူးပြုလုပ်ထားတဲ့  စခရစ် ကုဒ် နည်းပညာတွေ ထည့်သွင်း ပေါင်းစပ်ထားတယ်ဆိုတာ ယုံမှားသံသယ ဖြစ်စရာမလိုပါဘူး။

မော်ဇီလာ ဖိုင်းရားဖိုစ့်(Mozilla Firefox ) အတွက်တော့ စပိုက်ဒါမန်းကီး(SpiderMonkey)ဆိုတာပါရှိပါတယ်။အရှင်းဆုံးပြောရင် မော်ဇီလာ အလုပ်လုပ်နိုင်အောင် ထောက်ပံ့ထားတဲ့ အတွင်းပိုင်း စခရစ်ကုဒ်လို့ဆိုနိုင်ပါတယ်...

ဂူဂဲလ်ခရုန်း နဲ့ အော်ပရာ(Chrome and Opera)တို့တွင် ကွန်ပျူတာနားလည်သည့် ဘာသာစကားကို တွက်ထုတ်ရန်အတွက် V8 ဆိုသည့် ကြားခံ စခရစ်နည်းပညာတစ်ခုပါရှိနေပြန်ပါတယ်...

.(V8 is Google's open source high-performance JavaScript and WebAssembly engine)

အဆိုပါ စခရစ် နည်းပညာကြောင့် ပဲ လူတွေ အတွက် ထိတ်လန့် ဖွယ်ရာ စောင့်ကြည့်ခံရမှု တွေ ထွက်ပေါ်နေသလို အခြားပေါင်းစပ် နည်းပညာတွေ ကြောင့်လည်း ယနေ့ ခေတ် ဖေ့ဘုတ်လို လူမှု ကွန်ယက် တောင်မှ  အသံကြားတာနဲ့ အချက်အလက်တွေ အလိုလို နီးနီးစပ်စပ် ရှာဖွေ ပေးနေတာကို လူတိုင်းသိပြီးဖြစ်ပါလိမ့်မယ်။

ဆိုလိုတာက ကျွန်တော်တို့ နေ့စဉ် အသုံးပြုနေတဲ့ မိုဘိုင်းဖုန်းမှာ အင်တာနက်  ဆက်သွယ်ရေး ဝက်ဘရောက်ဇာ တစ်ခုခု ရှိနေတယ်ဆိုပါစို့ ။

ဝက်ဘရောက်ဇာ ဆော့ဝဲလ်ဟာ ကျွန်တော်တို့ ရဲ့ အပြုအမူတွေ ကို ဝက်ဒ်ကင်မရာ မှ တစ်ဆင့် အချက်ပေးစနစ်တွေ နဲ့ နေ့စဉ် မှတ်သားမနေ ဘူးလို့ ဘယ်သူ ငြင်းချက်ထုတ်လို့ ရနိုင် မှာလဲ။

 ဒီကိစ္စ တွေ ကို တော့ နိုင်ငံတကာ မှ နည်းပညာရှင်အများအပြား အနေနဲ့ တိကျသည့် အချက်အလက်များဖြင့် ထုတ်ပြန်ချက်များ ရေးသားထားတာကြောင့် မကြာသေးမီက မှ တရုတ်ထုတ် အင်တာနက် နည်းပညာ နဲ့ ဆက်စပ် ပစ္စည်းတွေ ကို အမေရိကန် မှ အသုံးမပြုဖို့ တိုက်တွန်းနေသလို  အမေရိကန်ထုတ် အက်ပဲ ပစ္စည်းတွေ ကိုလည်း တရုတ်နဲ့ ရုရှ မှ အသုံးမပြု ရန် တိုက်တွန်းတာကို တွေ့မြင်နေရပါတယ်။ဒါဟာ သိသာမြင်သာ တဲ့ နည်းပညာ ပစ္စည်း နဲ့ အင်တာနက် ဆက်သွယ်ရေးပစ္စည်းတွေ ကို ဖော်ပြ ထားခြင်းပါ။

ဝက်ဒ်  နည်းပညာ ကတော့  အင်တာနက် ချိတ်လိုက်တာနဲ့ ဆက်သွယ်လို့ ရတဲ့ ဆော့ဝဲလ် နဲ့ ဆက်ဆက် အက်ပလီကေးရှင်းေ တွ ၊နေ့စဉ် အသုံးချနေတဲ့ နည်းပညာ ဆော့ဝဲလ်တွေ အထိ အကျုံးဝင်ပါတယ်...



ကဲ အဲ့ဒါကြောင့်  ဝက်ဒ် နည်းပညာ ရဲ့  အခြေခံ နဲ့ အကျိုးသက်ရောက် မှု ဟာ ဘယ်လောက်ထိ ကျယ်ပြန့် လဲ ဆိုတာ ကို စခရစ်  နည်းပညာတွေ ထဲ က  အောက်မှာ ဖော်ပြထားတဲ့ JavaScript အကြောင်း နည်းနည်းပဲ လေ့လာ ကြည့်ရင် ပိုပြီးသတိထားမိပါလိမ့်မယ်....



ဘရောက်ဇာမှာ JavaScript ဘယ်လို အလုပ်လုပ်သလဲ?

=====================================

ရှာဖွေရေး အင်ဂျင်တစ်ခု ကို ထောက်ပံ့နေတဲ့ အတွင်းပိုင်းကုဒ်တွေ ဘယ်လိုအလုပ်လုပ်တယ်ဆို တာ ပြောပြဖို့ နည်းနည်းတော့ ခက်ခဲပါတယ်။

ဒါပေမဲ့ ဒီနေရာမှာ အခြေခံကျတဲ့ အချက်တွေ ရှိနေပါတယ်။

၁ ။ပထမဆုံးအနေနဲ့ ကျွန်တော်တို့ ရေးလိုက်တဲ့ ရှာဖွေ ရေ းအင် ဂျင် ပေါ် က စာသားတွေ ကို စခရစ်ကုဒ်တွေ က ဗာကျူရယ်စနစ် အသုံးပြုပြီး( “JavaScript virtual machine”.) အလွယ်တကူ တစ်ဆင့် ခံ နည်းပညာနဲ့ ဆွဲ  ယူဖတ်လိုက်ပါတယ်။

၂ ။အဲ့ဒီနောက် ဗာကျူရယ်စနစ်ကနေ ကွန်ပျူတာနားလည်တဲ့ ကုဒ်တွေ အဖြစ်ပြောင်းပေးတာပါ။

၃ ။တကယ့်တကယ်အလုပ်လုပ်တာဟာ အဲ့ဒါတွေ ကို စခရစ်က အထူးပြု လုပ်ဆောင် ပြီးမှ ဘရောဇာ က အလုပ်လုပ်တာ ဖြစ်ပါတယ်။



ဘရောက်ဇာမှ JavaScript ရဲ့ စွမ်းဆောင်ချက်တွေကတော့ အသုံးပြုသူတွေ အနေနဲ့ ဆာဗာတွေ ကို အပြန်အလှန်ချိတ်ဆက်လို့ ရခြင်း၊၀က်ပေ့ခ်ျ တွေ ကို တွက်ထုတ် လို့ ရခြင်းတွေ နဲ့ အတူ အခြားသော လုပ်ငန်းဆိုင်ရာ အမျိုးအမည် အများအပြား လုပ်ဆောင်နိုင်ပါတယ်။

ဥပမာအနေဖြင့်.... Node.JS နှင့်တွဲဖက်အသုံးပြုမယ်ဆိုရင် JavaScript ဟာ ဖိုင်အချက်အလက်စနစ်တွေကို ဖတ်နိုင် ၊ရေးနိုင်ပြုလုပ်လာနိုင်မှာဖြစ်ပြီး အင်တာနက်ချိတ်ဆက်မှု နဲ့ ပက်သက်တဲ့ အချို့သော တောင်းဆိုချက်တွေ ကိုတောင်မှ ဖြေရှင်းလို့ ရနေပါတယ်။

ထို့ အပြင် ဘရောက်ဇာမှာ ရှိတဲ့ ကွတ်ကီးတွေ ကို စီမံမှု ပြုတာတွေ ၊၀က်ဆိုဒ်ကို လာရောက်လည်ပတ်သူတွေ ကို အပြန်အလှန် ဆက်သွယ်ရန် မက်ဆေ့ပို့တာတွေ နဲ့ သတိပေးအချက်အလက်စနစ်တွေ ထည့်သွင်းတာတို့ ပြုလုပ်နိုင်ပါတယ်။

စခရစ်ကို ကျွမ်းကျင်ပိုင်နိုင်မယ်ဆိုရင် မိမိတို့ ရဲ့ ကွန်ပျူတာထဲမှ သိမ်းဆည်းထားသည့် အချက်အလက်တွေ ကို လည်း အချိန်မရွေးပြန်လည် အသုံးပြုလုပ်ရအောင်ချိတ်ဆက်ဆောင်ရွက်နိုင်တာတွေ ပြုလုပ်လို့ ရပါတယ်။

ဇော်မျိုးဦး(နည်းပညာ)
ဆွေးနွေးအဖြေရှာ ကြဖို့ပါ....အမှားတွေ ပါရင် လည်း လွဲ နေလို့ ပဲ တွက်ဆကြပါ...

Comments

Popular posts from this blog

Tech Policy

ကွန်ပျူ တာနည်းပညာတွေ ဘယ်လို လေ့လာမှာပါလဲ?