ဘာ့ကြောင့် လူငယ်တွေ မှာ အကြမ်းဖက်ချင်တဲ့ စိတ် ရှိနေကြတာလဲ?

ဒီမိုကရေစီ အဘိုးအေ နိုင်ငံ တွေ မှာသာမက ကမ္ဘာ တလွှားက နိုင်ငံအများအပြား မှာလည်း အကြမ်းဖက်မှုကို သိသိသာသာ လျော့ချ နိုင်မှု မရှိသေးပါဘူး။

ဖြစ်နိုင်ခြေ အများဆုံး ဖြစ်တဲ့ အကြောင်းအရင်း တွေကို တော့ နိုင်ငံတကာ သုတေသန တွေ ကနေ ရှာဖွေဖော်ထုတ် ထားကြပေမည့် အကြမ်းဖက်မှုကို အဆုံးသတ်နိုင်ခြင်းမရှိသေးပါဘူး။

အကြမ်းဖက်မှု မှာ အိမ်တွင်းအကြမ်းဖက်မှုအပါ အဝင် အဖွဲ့အစည်း ၊ပတ်ဝန်းကျင်နှင့်အတူ နိုင်ငံတော် ကို အကြမ်းဖက်မှုအထိ အဆင့်ဆင့် ၊အမျိုးမျိုး ရှိ နေပါတယ်။

ကျွန်တော် တို့ နှင့် အနီးစပ်ဆုံး အချက်အချို့ကို ဆွဲထုတ်ကြည့်မည်ဆိုလျှင် အောက်က အချက်အလက်အချို့ ကို သုံးသပ်ကြည့်နိုင်ပါလိမ့်မယ်။

ဘာ့ ကြောင့် လူငယ်တွေ အကြမ်းဖက်တဲ့ စိတ် ရှိနေတာလဲ?



1. Salvation

အကြမ်းဖက်မှု လို့ ပြောလိုက်တာနဲ့ အတူ အိုင်အက်စ်တို့ ရဲ့ ရက်စက်မှု တွေ ကို ပြေးမြင်နေရပါတယ်။လူတွေ မှာ ကျွန်ပြု ခံရခြင်းဆိုတာတွေ ကို လည်းကြားဖူးကြပါလိမ့်မယ်။ အဲ့လိုအချိန်မျိုးတွေ မှာ ဆို ကယ်တင်ခြင်းဆိုတာ ဟာ အလွန်ကို အဓိပ္ပါယ်ရှိပါတယ်။အကြမ်းဖက်လူငယ်တွေ ရဲ့ စိတ်မှာလည်း ကိုယ့်ကိုကိုယ် ကယ်တင်ခြင်းဆိုတဲ့ အချက်အတွက် သေခြင်းဟာ နောက်ဆုံးပေါ် သုခဘုံလို့ မှတ်ယူထားပုံရပါတယ်။အဲ့ဒီအတွက် အိုင်အက်စ်တွေ ဟာ သေဖို့ နဲ့ သတ်ဖို့ ပဲ ကြိုးစားကြပြီး ဒါဟာ ကယ်တင်ခြင်းလို့ ဆိုပါတယ်။

2. Poverty

ကမ္ဘာတလွှားက အကြမ်းဖက်မှု တွေ များစွာ က ဆင်းရဲ မွဲတေမှု ကနေ ဆင်းသက်လာတာလို့ ဆို ပါတယ်။ဥပမာအနေနဲ့ အိုင်အက်စ်တပ်ဖွဲ့ ရဲ့ စည်းရုံးမှု တွေ ထဲမှာ အဟာ ရမပြည့်သူတွေ နဲ့ အတူ ကျန်းမာရေးချု ိ့ တည့် နေတဲ့ မိသားစုအားကူညီမယ်ဆိုတာတွေ ပါ၀င်နေတယ်လို့ ဆိုပါတယ်။စစ်တိုက်ပါက မိသားစု အတွက် မပူပန် ရအောင် ကျွေးမွေးမယ်ဆိုတဲ့ စည်းရုံးမှု တွေ လည်း ပါရှိနေပါတယ်။

3. Power Move

သြဇာ နဲ့ အာဏာ အတွက် ကြိုးစား နေတဲ့ လူငယ်အများစု ဟာ ရံဖန် ရံခါ လမ်းလွဲ သွားတတ်ပါတယ်။အကြမ်းဖက်လူငယ်တွေ အနေနဲ့ လူသတ်ပါက စီး ပွား ရေး အင်အားတွေ၊ယုံကြည်မှုတွေ၊ စိတ် စွမ်းအားတွေ ရရှိတယ်ဆိုတဲ့ အချက်ကလည်း ပြဿနာပါပဲ။တကယ်တော့ မကောင်းတဲ့ နားမလည်တဲ့ အတွေး တွေ ကနေ အာဏာ နဲ့ ပါဝါ ရလိုမှု ကြောင့် အကြမ်းဖက်ကြတာဖြစ်ပါတယ်။

4. Fear & Anger

ငယ်စဉ်အချိန် ကလေးငယ်တွေ တွေ့ ကြုံလိုက်ရတဲ့ ကြောက်ရွ ံ့ မှု ၊စိတ်ဆိုးဒေါသထွက်မှုတွေ ကတော့ အတ္တ နဲ့ မာနကို ဖော်ဆောင်လေ့ရှိပါတယ်။အဲ့ဒီကနေတစ်ဆင့် အကြမ်းဖက်မှု အတွက် အဓိက ကျတဲ့ အငြိုးအတေးထားမှု ကနေ စိတ်ကစဉ် ကလျားဖြစ်မှု တွေ ဆီသို့ ဦးတည်သွားတာကြောင့် အကြမ်းဖက်မှု ဖြစ်ရတာပါပဲ။

5. Disenchantment

လွဲမှားစွာ ယုံကြည်ခြင်းကတော့ အကြမ်းဖက်မှု ရဲ့ ဝိသေသထဲက တစ်ခုဖြစ်ပါတယ်။ဥပမာအနေနဲ့ သတင်းအချက်လက်လို အရာတွေ ကို ကောင်းစွာ မတိကျပဲ တစ်နေရာရာက ဖြစ်နေတာတွေကို မသုံးသပ်တတ်ပဲ အမှားအယွင်းတွေ ပြု လုပ်တတ်ကြပါတယ်။အခြားသော ယုံကြည်မှု တွေ ကနေ ဆင်းသက်လာတဲ့ ကိစ္စတွေ နဲ့ အတူ လွဲမှားတဲ့ သိမြင်မှု တွေ ကလည်း အကြမ်းဖက်မှုဖြစ်ပေါ်စေတဲ့ အချက်ပဲဖြစ်နေပါတယ်။

6.sense of belonging

စိတ်ပညာ သဘောတရားရဲ့ ဆက်စပ်မှုအရ မိသားစု တစ်ခုမှာ မိဘများရဲ့ လွှမ်း မိုးမှု ခံရ တဲ့ သားသမ္မီး တွေ အဖြစ်များတဲ့ကိစ္စ ဖြစ်ပါတယ်။လူငယ်တစ်ဦးဟာ ၄င်းကိုယ်တိုင်ဖြစ်ချင်၊လုပ်ချင်တဲ့ ကိစ္စ တွေကို မိဘ များရဲ့တားဆီးခြင်းခံရတဲ့အချိန်မှာ အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ရပ်က ပိုမိုဆွဲဆောင်မှု ဖြစ်စေတယ်လို့လည်း သုတေသနတွေကဆိုပါတယ်။

7.Thrill

အကြမ်းဖက်မှု ကို လေ့လာတဲ့အခါ တွေ့ရလေ့ရှိတဲ့ ပြဿနာ များထဲက တစ်ခုကတော့ လူငယ်အများစု ဟာ သဲထိတ်ရင်ဖို ကိစ္စတွေကို ရှာဖွေလိုတာကြောင့်ဖြစ်တယ်လို့လဲ ဆိုပါတယ်။အမေရိကန်ပြည်ထောင်စု Institute for Peace ရဲ့ သုတေသနထဲမှာတော့ သဲထိတ်ရင်ဖို နဲ့ တိုက်ပွဲတွေ ပါတဲ့ ဗွီဒီရို ဂိမ်း တွေ ဟာ ကလေးငယ် တွေကို အကြမ်းဖက်တဲ့စိတ် ဖြစ်ပေါ်ဖို့ ပိုမို တွန်းအား ပေးစေတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာ နိုင်ငံမှာတော့ နိုင်ငံရေး အကြမ်းဖက်မှု အပါအဝင် ကျောင်းသား၊ရဟန်းရှင်လူ တွေကို ဖိနှိပ်သတ် ဖြတ် အကြမ်းဖက်ခဲ့တာဟာ ဘယ်အဖွဲ့အစည်းကလဲ ဆိုတာ ရှင်းရှင်း လင်းလင်း သိမြင်ပြီး ဖြစ်ပါတယ်....

ဒီတော့ အဖွဲ့ စည်းအတွင်းမှာ အကြမ်းဖက်ခံရ မှုကနေ တစ်ဆင့် အထက်ဖားအောက်ဖိ....လေ့ကျင့်ရေး တန်ပြန်မှု  ဟာ အကြမ်းဖက်မှုကို အားပေးနေသလားဟု သံသယ ဝင်ဖွယ်လည်း ရှိ နေပါပြီ။

Comments

Popular posts from this blog

Tech Policy

ကွန်ပျူ တာနည်းပညာတွေ ဘယ်လို လေ့လာမှာပါလဲ?