ကျွန်တော် နဲ့ BarCamp Yangon

ကျွန်တော်နဲ့ BarCamp Yangon
=======================

ကမ္ဘာမှာ လူဦးရေ တက်ရောက်မှု အများဆုံး ဘားကမ့်ပွဲတစ်ခုအဖြစ်သတ်မှတ်ခံထားရ တဲ့ မြန်မာပြည် ရန်ကုန်မြို့ က ဘားကမ့်ပွဲကတော့ လာမည့် ဇန်နဝါရီ ၂၆ နဲ့ ၂၇ တို့မှာ  BarCamp Yangon 2019 ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ ကျင်းပတော့မှာဖြစ်ပါတယ်။

BarCamp Yangon ပွဲတွေ ဟာ နှစ်စဉ်ကျင်းပမြဲဖြစ်ပြီး မြန်မာပြည်ရဲ့ နည်းပညာရှင်များ၊အတတ်ပညာရှင်များ တက်ရောက် ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲ တစ်ခုဆိုရင်လည်း မမှားပါဘူး။

ဒီလိုဘားကမ့်ပွဲတွေ မှာ နိုင်ငံရေးတွေ ၊နည်းပညာတွေ နဲ့ အခြားသော မည်သည့် ကိစ္စတွေမဆို ဆွေးနွေးနိုင်ခွင့်ရှိသလို တက်ရောက်နားထောင်ပိုင်ခွင့်လည်း လွတ်လွတ်လပ်လပ်ပေးထားပါသေးတယ်။

BarCamp Yangon မှာ ဘာတွေ ထူးခြားသလဲ?
================================

၂၀၁၇ ခုနှစ်ရဲ့ BarCamp Yangon ကိုတော့ လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ကျွန်တော်ကိုယ်တိုင်လည်း Speaker တစ်ယောက်အနေနဲ့ ဝင်ရောက်ဆွေးနွေးပေးခဲ့ဖူးပါတယ်။

တက်ရောက်ဖူးတဲ့ ဘားကမ့်တွေ ထဲမှာအထူးခြားဆုံးနဲ့ ပွဲအစည်ဆုံးဘားကမ့်ပွဲဖြစ်ပြီး အများအားဖြင့် နိုင်ငံတကာ က ဆွေးနွေးလိုသူ၊Speaker အများဆုံး BarCamp  ပွဲလည်းဖြစ်တာတွေ့ရပါတယ်။

BarCamp Yangon ရဲ့ အားသာချက်
=========================

ရန်ကုန်မြို့ ဟာ မြန်မာပြည်ရဲ့ မြို့တော်ဖြစ်တဲ့ အတိုင်း နည်းပညာလုပ်ငန်းတွေ ဖွံ့ဖြိုးမှု အများဆုံးလို့လည်းဆိုနိုင်ပါတယ်။အထူးသဖြင့် BarCamp Yangon ဟာ MICT park ထဲ မှာ ကျင်းပတာဖြစ်တာကြောင့် နည်းပညာ ပိုင်း ဆွေးနွေးသူတွေ များပြီး ပညာရှင်အဖြစ် ဆွေးနွေးနိုင်သူတွေ များတာတွေ့ရမှာပါ။

အခြားသော ထောက်ပံ့မှုတွေ ကတော့ မပြောပြတော့ပါဘူး။ကိုယ်တိုင်သာ တက်ရောက်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။

BarCamp Yangon ရဲ့ အားနည်းချက်
==========================

MICT park  မှာ အခန်းပေါင်းများစွာနဲ့ ဘားကမ့်ကို ၂ ရက်တိုင်တိုင်ကျင်းပတယ်ဆိုသော်လည်း  တကယ်က မြို့တွင်း ထိပ်သီး ပညာရှင်တွေ  လာရောက် ဟောပြောဆွေးနွေးတာဖြစ်လို့ Speaker တစ်ဦးအနေနဲ့ ဆွေးနွေးနိုင်ဖို့ ဆိုရင်တော့ နေရာ ရရှိဖို့ အနေအထား အခက်အခဲ ရှိနေပြန်ပါတယ်။

ဒါဟာလည်း ရန်ကုန်ဘားကမ့်ကို Speaker တစ်ဦးအနေနဲ့ ကိုယ်ကြိုက်တဲ့ ခေါင်းစဉ်ကို ဦးတည်ဖို့ မလွယ်ကူတဲ့ အားနည်းချက်ပါပဲ။


ကျွန်တော့်ရဲ့  Sharing....
==================

BarCamp Yangon 2017 မှာ ကျွန်တော် ရဲ့  Topic က
"Today Political Problems For Engineering "  ဖြစ်ပြီး နိုင်ငံတကာ က ပညာရှင်တွေ ရဲ့ မေးခွန်းအမေးခံရဆုံး ကိစ္စကတော့

* မင်းတို့ နိုင်ငံ မှာ ဒီမိုကရေစီတည်ဆောက်ရေးအတွက် အင်ဂျင်နီယာတွေ က ဘယ်လို ကူညီမှာလဲ တဲ့ ?

* နောက်တစ်ချက်က တော့ အွန်လိုင်း မဲပေးစနစ်ဖြစ်ဖို့ မင်းတို့ မလုပ်သေးဘူးလားတဲ့ ?

* မြန်မာ အင်ဂျင်နီယာတွေ က ဘာလို့ အခု မှ အင်ဂျင်နီယာ ဥပဒေတွေ ကို ဆွေးနွေးနေရတာလဲတဲ့ ?

* အာရှဒေသမှာဖြစ်ပေါ်နေတဲ့ အင်ဂျင်နီယာ ပြဿနာတွေ နဲ့ မင်းတို့  ပြောနေတဲ့  အင်ဂျင်နီယာ ကောင်စီကိစ္စတွေ က လွဲချော်နေတယ်လို့ မထင်ဘူးလားတဲ့ ?

==============================================================================================

နောက်ဆက်တွဲ...

ဘာပဲဖြစ်ဖြစ် BarCamp Yangon ကို  လူငယ်အများအပြားနဲ့ ပညာရှင်တွေ တက်ရောက်ခဲ့ကြတာမို့ တိုင်းပြည်အတွက်တော့ အလွန်ကို အကျိုးရှိလိမ့်မယ်လို့လည်း ထင်မိပါတယ်။

တချို့ ဆို နိုင်ငံတကာ က လာပြောတဲ့ ဆွေးနွေးတဲ့ လူတွေ ရှိနေတာမို့ ပြည်တွင်း က နည်းပညာ လေ့လာနေတဲ့ ကျောင်းသားတွေ ၊ပညာရှင်လူငယ်တွေ နဲ့ Start Up လုပ်ငန်းစတင်နေတဲ့ လူငယ်တွေ အတွက် BarCamp Yangon 2019 ကို တက်ရောက်ကြဖို့ တိုက်တွန်းလိုပါတယ်။

Register > http://register.barcampyangon.org/
https://www.eventnook.com/event/barcampyangon2019
Manage

2nd BarCamp Yangon 2019
======================

Topic
Digital Media & Political Platform
===========================

ယခုနောက်ပိုင်း​ဘားကမ့် ပွဲတွေမှာ စာရေးဆရာတွေ၊အစိုးရ တာဝန်ရှိသူတွေ နဲ့ နည်းပညာသမားတွေ ပူးပေါင်းမှု ဟာ ပို လို့တောင် အားကောင်းလာပါတယ်။

Comments

Popular posts from this blog

Tech Policy

ကွန်ပျူ တာနည်းပညာတွေ ဘယ်လို လေ့လာမှာပါလဲ?