ပလက်ဖောင်းပေါ်က နေ့စွဲများ
"ပလက်ဖောင်းပေါ်က နေ့စွဲများ"
ပျားရည်စက်နဲ့ လမ်းခွဲ
ဝင်္ကဘာ နှင်းစက်တို့ကို စိန်ခေါ်
ဘယ်သူမှ မပေးတဲ့ တာဝန်ကို ကိုယ့်ပခုံးပေါ်ပစ်တင်ခဲ့
လူ့ သမိုင်း ပီသဖို့
ဒီ ..ပလက်ဖောင်းပေါ် တို့လျောက်ခဲ့ဖူးတယ်...
ယုံကြည်ရာဆိုတာ နောင်မျိုးဆက်တို့ ရဲ့ ထွက်ပေါက်
ကြောက်ဒူးတုန် ခေတ်ကြီးထဲမှာ
လက်ရုံးဆန့်ခဲ့ကြ...
အင်းစိန်မော်စကို နဲ့ အိုးဘိုကျောင်းတော်တို့ စကော်လာပေးချိန်
ဖောင်မတင်ပဲ အရွေးခံရတဲ့ ခေတ်..အဲ့ဒီ စနစ် မှာ
ပလက်ဖောင်းပေါ် တို့ ..အိပ်ခဲ့ကြတယ်..
ရိုးရိုးပြောမရလို့ ပလက်ဖောင်းပေါ်တက် ပြောခဲ့တဲ့ နေ့စွဲ
ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးဖို့
"ဒီ မို က ရေ စီ" ဆိုတဲ့ စကားလုံးကို
အကြိမ်ကြိမ်ရေရွတ်ခဲ့ကြ
ဗီလိန်ဇာတ်လမ်း တစ်ခန်းရပ်မှာ..
ထောင်နံရံကို ဖက်တွယ်...သမိုင်းမှာတော့ ..ငါတို့ဟာ.မာလိန်မှူးတွေပါပဲ...
မဟောင်းနွမ်းသေးတဲ့ ပလက်ဖောင်းယဉ်ကျေးမှု
ကိုယ့်သမိုင်းကိုယ် ရေးခဲ့တဲ့ ကာလ
နိုင်ငံရေးတွေ စိမ်းစိုလာရင်တော့..
ပလက်ဖောင်းပေါ်က နေ့စွဲတွေ ထခုန်ကြလိမ့်မယ်...
(ပလက်ဖောင်းပေါ်က သူငယ်ချင်းများသို့ လွမ်းမောခြင်းအမှတ်တရ)
၁၂.၂၇.၂၀၁၈
ZMO

Comments