ကျား ရှေ့ က သိုး ငယ် မဟုတ်

ကျော် ကို ကို နဲ့ ကျွန်တော်

၂၀၀၇ ရွှေဝါ ရောင်တော်လှန်ရေး အပြီး စစ်တပ်ရဲ့ ဖိနှိပ်မှု ကြောင့် ထောင်ထဲ ရောက်သွားရတဲ့ ကျောင်းသားရဲ ဘော်အများအပြားရှိပါတယ်။အတိုချုပ်ပြောရရင် အဲ့ဒီခေါင်းဆောင်တွေကို ၂၀၁၂ ခုနှစ်ကြမှ စစ်တပ်က(အစိုးရ) ပြန်လွှတ်လိုက်တာပါ။လွတ်လာတဲ့ အထဲမှာ ကျော်ကိုကို လည်း ပါ၀င်လာပါတယ်။



တိုင်းပြည်ရဲ့ ဖရိုဖရဲ နိုင်လွန်းလှတဲ့ ဖိနှိပ်မှု တွေ အောက်မှာ ပြည်သူ့ ဘက်တော်သား အာဏာရှင် ဆန့်ကျင်ရေး သမဂ္ဂကျောင်းသားတွေ ကို ပြန်လွှတ်လိုက်သော်လည်း တိုင်းပြည်ကတော့ ခေတ်အဆက်ဆက် က ဖိနှိပ်မှု တွေကြားမှာ မပြောင်းလဲခဲ့ပါဘူး။တစ်ချိန်က နာမည်ကြီးခဲ့တဲ့ စက်မှု တက္ကသိုလ်ဆိုတာကြီးတွေလည်း(RIT/MIT) ပိတ်ထားတာကြာပြီပေါ့။နယ်တွေမှာ ဂျီတီစီဆိုပြီး ကျောင်းသားတွေရဲ့ စိတ်ဓာတ်နဲ့ အတွေးအခေါ်တွေကို စနစ်တကျဖျက်စီးလို့ အားလုံး ပျက်စီးနေတဲ့ အချိန်ဆိုရင်လည်း သိပ်မှန်တာပေါ့။

ဖိနှိပ်မှုတွေကြားကပဲ ၂၀၁၂ ကနေ ၂၀၁၅ အကြားမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂရဲ့ ဥက္ကဋ္ဌနေရာကို  ကျော်ကို ကို ကပဲ တာ၀န်သိသိ ၊သတ္တိရှိရှိနဲ့ ဆက်လက်တာ၀န်ယူခဲ့တာပါ။ဒီနေရာမှာ အားလုံးသိကြတဲ့ အတိုင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ နဲ့ ယနေ့ခေတ် အလိုလျောက်ပေါ်လာတဲ့ တက္ကသိုလ်ထဲက အာဏာရှင်ကြိုက်သမဂ္ဂနဲ့ ရောထွေးလို့ မရပါဘူး။

၂၀၁၂ ခုနှစ် ၁ လပိုင်း ၁၃ ရက်နေ့ မှာ ၈၈ ကျောင်းသားတွေ လွတ်လာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် က ကြို ဆို၀မ်းမြောက်ကြောင်း သ၀ဏ်လွှာလက်ကမ်းစာရွက်ကို ရွှေဘိုနည်းပညာ မှာ ၁၆.၁.၂၀၁၂ မှာ ဖြန့်ဝေလိုက် ပါတယ်။စုစုပေါင်း စာရွက် စာတမ်း ၃၃ တိတိဖြန့်ဝေလိုက်ပါတယ်။စာရွက်ရဲ့ အောက်ပိုင်းမှာလည်း ကျွန်တော်ဖြန့်ဝေကြောင်း နာမည်တပ်လိုက်ပါသေးတယ်။ဒါကလည်း တခြားကျောင်းသားတွေမထိခိုက်စေချင်လို့ ပါ။စာရွက်တွေဖြန့်ဝေလိုက်ပြီး ရွှေဘိုနည်းပညာမှာ အတန်းအသီးသီးရဲ့ နိုင်ငံရေး နဲ့ အတွေးအခေါ် ရှိတဲ့ ကျောင်းသားအချို့ က သမဂ္ဂ လုပ်ငန်းစဉ်တွေအတွက် တာ၀န်ဆက်လက်ထမ်းဆောင်ဖို့ ခြေလှမ်းပြင်ဆင်ခဲ့ကြပါတယ်။ဒါပေမဲ့ စစ်တပ်က ၂၀၁၂ ခုနှစ် ၇ ဇူလိုင် မှာ ရွှေဘိုနည်းပညာရဲ့ ကျောင်းသားအချို့ ကို  ဖမ်းဆီးခဲ့ပါသေးတယ်။စစ်တပ်က သမဂ္ဂတွေကို ရန်သူလို့ သတ်မှတ်ထားပြီး ခွတ်ဒေါင်းစိတ်ဓာတ်ကို ရိုက်ချိုးလိုက်တာဆိုတာရှင်းပါတယ်။ဒါက နိုင်ငံရေးမှာ ကျွန်တော် ကျော်ကို ကို နဲ့  လက်တွဲဖို့ ဆုံးဖြတ်လိုက်ရခြင်းရဲ့ အကြောင်းတရားထဲ ကတစ်ခု ပါပဲ။



ကျွန်တော်တို့ ကျောင်းသားနိုင်ငံရေးမှာ မိုးထဲလေထဲ ကာလတွေအတွက် ရန်ကုန် ကို ကျွန်တော်လာတဲ့ အချိန်တုန်းက ပိုဆိုးပါသေးတယ်။၂၀၁၄ ခုနှစ်အစောပိုင်းတုန်းက ရန်ကုန် မှာ ကျော်ကိုကို နဲ့ လျှို့ ဝှက်တွေ့ ဆုံခဲ့ပြီး ရှေ့ ဆက်ရမည့် လုပ်ငန်းစဉ်တွေ ဆက်တိုက်ဆိုသလို အစီအစဉ်ဆွဲခဲ့ကြတာပါ။ကိုကျော်ကို ကို က သမဂ္ဂပေါင်းစည်းရေးနဲ့ လုပ်ငန်းဆိုင်ရာတွေအတွက် ဗဟိုလုပ်ငန်းကော်မတီ(CWC)မှာ အားစိုက်နေချိန်ဖြစ်ပါတယ်။
အဲ့ဒီနောက် ပိုင်း တောင်ငူ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအစည်းအဝေးမှာလည်း ကျွန်တော် က ရွှေ ဘို ခရိုင် ကိုယ်စားပြု နဲ့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။၂၀၁၂ ကနေ ၂၀၁၅ ထိ ကျော်ကိုကို နဲ့ လက်တွဲ ခဲ့တဲ့ တလျောက်မှာ တွေ့ ဆုံပွဲတွေ ဆန္ဒပြပွဲတွေ အတွက် အတူတူ လျောက်လှမ်းခဲ့ကြတာပါ။

ဒီတော့ ကျော်ကို ကို ဘယ်လိုလူလည်းဆိုတာ တစ်ချက်ပြောပြပါ့မယ်။ ကျော်ကိုကို ဟာ ကျွန်တော်နဲ့ တွေ့ တော့ သူ ထောင်ထဲမှာ အနည်းဆုံး ၅ နှစ်တာကာလ ဖြတ်သန်းခဲ့ပြီးပါပြီ။ထောင်က ထွက်စကာလတွေ မှာ နည်းနည်းဝြပီး ဖောနေသလိုဖြစ်နေတဲ့ သူ့ပုံစံက စကားသိပ်မပြောသလိုလို နဲ့ စာသိပ်ဖတ်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။အစည်းအဝေးတွေမှာ ကျောင်းသားအားလုံးရဲ့ ဆွေးနွေးချက်တွေ ကို ထောင့်စေ့အောင် ဦးစွာ နားထောင်တတ်သူဖြစ်ပြီး လွတ်လပ်စွာ ဆွေးနွေးခွင့်လည်းပေးတတ်သူပါ။အတွေ့ အကြုံအရ ဆန္ဒပြပွဲတွေ မှာ ကျောင်းသားတွေကို ထောက်လှမ်းရေးနဲ့ ဒုက္ခပေးမည့် သူမှန်သမျှ လူကဲခတ် ကျွမ်းကျင်မှု ကလည်းသူများနဲ့ မတူပါဘူး။(နောက်ပိုင်းမှာ တိုက်ပွဲ နည်းဗျူဟာ ဖော်ဆောင်နိုင်မှု တွေကတော့ အားလုံးသိမြင်ပြီးတဲ့ အတိုင်းပါပဲ။)
အဲ့ဒီအချိန်က ကျော်ကိုကို ဟာ တိတ်တဆိတ်လှုပ်ရှားနေရတဲ့ အချိန်ဖြစ်ပြီး တစ်နိုင်ငံလုံးနီးပါး လှည့်လည် အပင်ပန်းခံသွားရောက်ကာ တက္ကသိုလ် အသီးသီးက ကျောင်းသားတွေ ကို စည်းရုံးရေးလုပ်နေတဲ့ အချိန်လည်းဖြစ်ပါတယ်။
တနည်းအားဖြင့် အာရှ တိုက် ပညာရေးလွတ်လပ်ခွင့် နဲ့ ဥရောပ ရဲ့ နိုင်ငံတိုင်းက တက္ကသိုလ်လွတ်လပ်တဲ့ ဒီမိုကရေစီပညာရေးကို ၀၀လင်လင်စားသုံးနေတဲ့ အချိန်ပါ။ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဥရောပ ဒီမိုကရေစီ ပညာရေးဆိုတာ ကျောင်းသားတွေတင်မက ပဲ ဆရာတွေပါ နားမလည်သေးတဲ့ အချိန်ဆိုရင်လည်းမမှားပါဘူး။ကျွန်တော်ကတော့ သံရုံးတွေနဲ့ ချိတ်ဆက်မိပြီး ဂျာနယ်တွေကတစ်ဆင့်ရေးရေးမြင်မိရာကနေ ကျော်ကိုကို ရဲ့ ရှင်းပြချက်တွေကို ထောက်ခံခဲ့တာဖြစ်ပါတယ်။

၂၀၁၂-၁၅ ကျောင်းသားသမဂ္ဂမှာ ၀င်ရောက် အလုပ်လုပ် နေ တဲ့ ပြည်နယ်အသီးသီး၊တိုင်းအသီးသီး ၊ခရိုင်အသီးသီး ၊တက္ကသိုလ် ကျောင်းအသီးသီးက ရဲ ဘော်တွေအနေနဲ့ အားလုံးက အတွေးအခေါ်လုံလုံလောက်လောက်ရှိကြတာတော့ ဘယ်သူမှ ငြင်းလို့ မရပါဘူး။ကျောင်းသားရဲ ဘော်တွေရဲ့ ခံယူချက်ထဲမှာ ကိုယ်လွတ်ရုန်းပြီး နိုင်ငံခြားကို ပြေးမယ်၊ကျောင်းတက်မယ်ဆိုတာတွေကိုတော့ ကိုကျော်ကိုကို က ဘာပြောသလဲဆိုရင်  “အချောင်သမား ဝါဒ” လို့တောင် ရှုတ်ချ ပါသေးတယ်။
ကျော်ကိုကို ဟာ ကျောင်းသားတွေအတွက် ထမင်းစားတာတွေ၊အိပ်တာ၊နေတာတွေအတွက်လည်း အလွန်ကို ဂရုစိုက်သူဖြစ်ပြီး အခွင့်ထူးခံတဲ့ လုပ်ရပ်ဆိုတာ ကျွန်တော် လက်တွဲခဲ့တဲ့ သမဂ္ဂတာ၀န်ထမ်းဆောင်စဉ် ကာလတလျောက်လုံးမရှိခဲ့ပါဘူး။ဥပမာ အနေနဲ့ တောင်ငူ မှာ ကို၀င်းနောင် အိမ်ထဲ ညအိပ်ဆွေးနွေးစဉ်တုန်းက ခြင်ထောင်မပါတဲ့ ကျောင်းသားရဲ ဘော်တွေရှိလို့ အားလုံး ခြင်ထောင်မသုံးပဲ အိပ်ခဲ့ကြတာကို တော့ အဲ့ဒီအစည်းအဝေးတက်ခဲ့တဲ့ ရဲ ဘော်အားလုံးသိကြမှာပါ။
နိဂုံးချုပ် အကျဉ်းပြောရရင်..

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂရဲ ဘော်တွေ နိုင်ငံရေးမှာကြောက်သွေးပါသလား?

ဒီမေးခွန်းကတော့ မကြာခဏဆိုသလို ကျောင်းသားတွေကို ဆန်းစစ်နေတဲ့ မေးခွန်းဖြစ်ပြီး ကျွန်တော့် အတွေ့ အကြုံအရတော့ ကျော်ကိုကို လို ဥက္ကဋ္ဌ လုပ်ခဲ့တဲ့ သူမပြောနဲ့ အောက်ပိုင်းမှာ တာ၀န်ထမ်းခဲ့တဲ့ အလယ်တန်း နဲ့ အထက်တန်း ကလေးတွေ မှာ တောင် ကြောက်သွေးပါသလားလို့  သွားမေးကြည့်ကြပါလို့ တိုက်တွန်းရင်း…

(ကျောင်းသားသမဂ္ဂက ကျောင်းသားတွေဆိုတာ ကျားရှေ့က သိုး ငယ်အဖြစ်ခံမှာမဟုတ်ကြောင်း…)

ဇော်မျ ို း ဦး (နည်းပညာ)
(၄.၁၁.၂၀၁၇)

Comments

Popular posts from this blog

Tech Policy

ကွန်ပျူ တာနည်းပညာတွေ ဘယ်လို လေ့လာမှာပါလဲ?