Myanmar P.....
"စဉ်းစားချိန်တန်ပြီ နှင့် မြန်မာ့နိုင်ငံရေး"
မြန်မာ့နိုင်ငံရေးဟု ပြောဆိုသုံးနှုံးလိုက်ရာတွင် မည်သည့် ကိစ္စရပ်များကို အခြေပြု၍ လက်ရှိအခြေအနေကို သုံးသပ် ပြောဆိုရန် အကောင်းဆုံးလည်း ဟူသည့် အဖြေ တစ်ခုကို ဆွဲထုတ်ရန်မှာ ခက်ခဲလှသည်။ပါတီနိုင်ငံရေးအသိုင်းအဝုိင်းအကြောင်းပြောမည်ဆိုလျှင်လည်း လက်ရှိကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်ရာကျမည်မှာ အမှန်ပင်ဖြစ်သည်။
ရွေးကောက်ခံအစိုးရတက်လာပြီးသည့် နောက်ပိုင်းတွင် ပါတီနိုင်ငံရေးအကြောင်းသည်လည်း မပြောမဖြစ်ပြောရမည့် အတိုင်းအတာတစ်ခုဖြစ်လာသည်မှာထင်ရှားသည်။ယခုတလော ပြည်သူလူထု ၏ အတွေးများထဲသို့ တိုက်ရိုက်ရောက်ရှိအောင် ပြောဆိုအသံလွှင့်နေသည့် စကားလုံးကို ရှေးဦးစွာမီးမောင်းထိုးပြလိုပါသည်။
ပါတီနိုင်ငံရေးကြောင့် လူထုနှင့် ကင်းကွာသလို ဆက်ဆံရေး၊အာဏာနှင့်အသပြာရယူထားနိုင်သည့် လွှတ်တော်သို့ တက်လှမ်းနိုင်ရေး ၊တိုင်းပြည်တိုးတက်ရေးထက် ကိုယ်ကျိုးရှာ ဖွေရေး အစရှိသည် တို့ကိုအခြေပြုထားသည့် နိုင်ငံရေးသမားများ ရှိလာမည်မှာ မလွဲမသွေဖြစ်သည်။အထူးသတိပြုရန်မှာ ပြည်သူကို ဗဟိုပြုသည်ဟု ပါးစပ်မှ ရေရွတ်၍ ရွေးကောက်ပွဲအတွက် မဲဆွယ်ကာလအပြီး စည်းရုံးရေးလုပ်ငန်းများအသုံး၀င်မှုမရှိတော့သည့်အချိန်မှာ လူထုကို မထေ့မဲ့မြင်ပြုရာရောက်နေသည့် ကိစ္စရပ်များကို ပြုလုပ်လာနိုင်သည့် မည်သည့်အဖွဲ့အစည်းကိုမဆို စောစောစီးစီးလက်ရှောင်ရန် မြန်မာပြည်သူလူထုအနေဖြင့် “စဉ်းစားချိန်တန်ပြီ “ဟု မှတ်ယူစေချင်ပါသည်။
ဒီမိုကရေစီနိုင်ငံများတွင် မဲပေးခွင့်ရသည့် နေ့ရက်သည် အစိုးရကို ပြည်သူလူထုမှ အနိုင်ရ ထိန်းချုပ်လိုက်သည့် နေ့ရက်ပင်ဖြစ်သည်ဟု ယူဆရသည်။ချွင်းချက်အနေဖြင့် ၂၅% စစ်တပ်အစိုးရ နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကြီး၏ လက်အောက်ခံနိုင်ငံရေးသည် မြန်မာပြည်သူလူထု၏ စိတ်အလိုကျ လွတ်လပ်တရားမျှတမှု ကို မည်မျှထိ ပုံဖော်ပေးနိုင်မည်လဲဆိုတာ ကို မှန်းဆရန်အတွက် အချိန်ကာလ အနည်းငယ်အတွင်း နိုင်ငံရေးရာသီဥတုတဖြေးဖြေး မှေးမှိန်စေရန် ပြည်သူကိုဆင်းရဲတွင်းထဲသို့ အာဏာလေဖိအားများတိုက်ခက်သလို ဖြစ်လာနေသည့်ပုံစံရုပ်လုံးပေါ်လွင်နေပြီဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ တိုး၀င်သည့် မည်သည့် နိုင်ငံရေးအဖွဲ့အစည်းမဆို ပြည်သူနှင့် ကင်းကွာ ပြီး ကျရှုံးစေနိုင်သောကြောင့် ဒီမိုကရေစီဟု ဆို၍ မဲပေးခွင့်ရကြသော်လည်း မြန်မာပြည်သူလူထုမှာ အစိုးရတစ်ရပ်ကို ပီပီပြင်ပြင် အားကိုး နိုင်ရန်အလွန်ပင်ခက်ခဲနေခြင်းလည်းဖြစ်သည်။
တိုင်းပြည်၏ ငြိမ်းချမ်းရေး နှောင့်နှေးနေသည်ဆိုသည့် ဝေဖန်မှုများသည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုက်ရိုက်အချိုးကျဟန်ရှိနေပြီး ကုန်စျေးနှုန်း ကြီးမြင့်မှုကြောင့် ဆင်းရဲတွင်း နက်နေသည့် ပြည်သူလူထုသည်လည်း မိမိတို့ကိုယ်တိုင်အစိုးရတစ်ရပ်ဖြစ်အောင်ဖွဲ့စည်းနိုင်မှသာလျှင် မျှောင်လင့်ချက်များအကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ….

Comments