မျိုးဆက်သစ် အခွင့်အရေး
ကျွန်တော်တို့ မျိုးဆက်မှာ ဘယ်လို အခွင့်အရေးတွေ ရှိနေသလဲ ? ======================================== လူတစ်ဦး တစ်ယောက်ချင်းစီ ၊မိသားစု တစ်ခုချင်းစီ ၊ရပ်ကွက်၊မြို့ ရွာ နဲ့ တိုင်းပြည် နိုင်ငံ အလိုက် သမိုင်းဆိုင်ရာ အချက်များနှင့် အခြေအနေအခွင့်အရေးတွေ ကွဲ ပြားစွာ ရှိနေတာ ဟာ သဘာ ဝ တရား ပါပဲ။ အချို့ က ချမ်းသာတယ်ဆိုပြီး ရစ် ကစ် ဘာညာပေါ့၊ အချို့ ကလည်း ကိုယ်စွမ်းကိုယ် စ နဲ့ ဘဝကို လျောက်လှမ်း ပြန်တယ်။ ဒီနေရာမှ လူငယ်အများစု ချမ်းသာသည်ဖြစ်စေ ၊ဆင်းရဲ သည်ဖြစ်စေ အရာ ရာ နောက်ကြသည် ဖြစ်စေ အခွင့်ရေး ကောင်းတွေ ရှိနေတယ်ဆိုတာ ပြန်လည် လမ်းစ ရှာ ကြံ ကြဖို့ ဖော်ပြလိုပါတယ်။.. ပညာရေး ====== ပညာရေး ကို ကျွန်တော် ထိပ်ဆုံးက ဦးစားပေးအနေနဲ့ အခွင့်အရေး အချို့ ကို ဖော်ပြပေးလိုပါတယ်။ မြန်မာ ပြည် ဟာ တိုင်းပြည် အနေနဲ့ လက်ရှိ ပညာရေး ကို ပြန်လည် ငေးမော ကြည့်မည်ဆိုလျှင် ကျွန်တော် တို့ အတွက် " ပြန်လည် ထူထောင်ရေး" ဆိုတဲ့ အခွင့် အရေး ရှိနေပါတယ်။ ခေတ်ပျက် စနစ်ပျက် တစ်ခု ကို တည်ထောင်သွားတဲ့ ပညာရေး ဖျက် ဆီး ဖန်တီး မှု လူကြီးမင်းများကို တု...