Tech Policy

 တက်စ်ပေါ်လစီ၊စီးပွားရေး ပလက်ဖောင်းနှင့် နည်းပညာ ချိတ်ဆက်မှု 

===================================




ကမ္ဘာ့ စီးပွားရေး နှင့် လုပ်ငန်းလည်ပတ်မှု များ သည် အုပ်စုအလိုက်၊နိုင်ငံအလိုက် စနစ်တကျ ဖွံ့ ဖြိုး ပြောင်းလဲ တိုးတက်လာ သည်များ ရှိသလို၊ နောက်ချန် ထားရစ်ခံရသည့် နိုင်ငံများ၊အစုအဖွဲ့ များ လည်း  မျက်မြင် တွေ့ရှိရသည်။


၂၁ ရာစု၏ စီးပွားရေး ၊လုပ်ငန်း အုပ်စုကြီးများ၊ ငွေကြေးလည်ပတ်မှု စနစ် နှင့် နိုင်ငံရေးဆိုင်ရာ အုပ်ချုပ်ရေး စနစ်၊ ခန့်မှန်းရခက်သည့် နည်းပညာ ပံ့ပိုးထား သော ကမ္ဘာ့ လူနေမှု အဆင့်အတန်း ၊

 စစ် မက် ဖြစ်ပွားရေး တွင် အသုံး ပြု လာမည့် နည်းပညာ အခြေစိုက် အိုင်ဒီယာ........အစရှိသည်တို့၏ လား ရာ ကို တွက်ဆကြည့်မည်ဆိုလျှင် (Tech Policy)တက်စ်ပေါ်လစီ ကို စီးပွားရေး အရွေ့ ၏ ရှေ့သို့ ရောက်အောင် ကြို ၍ တွက်ချက်ရန်လိုအပ် ကြောင်း....သုံးသပ်ရပေမည်။


လာမည့် အနာဂတ် နိုင်ငံရေး ၊အုပ်ချုပ်ရေး၊ကုန်သွယ်ရေး နှင့် စစ်မက်ရေးရာ ပြဿ နာ များ တွင် ဒေသတွင်း နိုင်ငံများ နှင့် စည်းချက် ကျကျ ကူးလူး ဆက်ဆံ လုပ်ကိုင်နိုင်ရန်လိုအပ်လှသည်။


နည်းပညာ အခြေပြု လုပ်ငန်းများသာမက ကုန်ထုတ်လုပ်မှု လုပ်ငန်းမျိုးစုံကို တွဲ ဖက်လုပ်ကိုင်ရန်မှာ ဗားရှင်း ဟု ခေါ်ရမည့် အဆင့် စနစ်များ ကိုက်ညီရန်လိုအပ်သည်။


Tech Policy ဟု ဆိုရာဝယ် နည်းပညာ အခြေပြု မူဝါဒ ချမှတ်မှုဟာ အနာဂတ် မြန်မာပြည် ကို နိုင်ငံတကာ နည်းပညာ နှင့် ချိတ်ဆက် လုပ်ကိုင်နိုင်ရုံ မျှ သာမက ပြည်တွင်း ရှိ စီးပွားရေး၊နိုင်ငံရေး၊လူမှုရေး... ကျန်းမာရေး၊ပညာရေး... အစရှိသည့် နယ်ပယ်များ ကိုလည်း မည်ကဲ့သို့ ပံ့ပိုးလာနိုင်မည်ကို ကြိုတင် တွက်ချက်သင့်သည်။


နည်းပညာနယ်ပ ယ် တွင် စံစနစ် များ ထားရှိမှုကို ကြိုဆိုရမည်ဖြစ်သော်လည်း လူထု၏ နည်းပညာ အသုံးပြုမှု၊အကျိုးပြုနိုင်မှုကို ထည့်သွင်း တွက်ချက်ထားသည့် တက်စ်ပေါ်လစီများ ကို များစွာ ပြောင်းလဲရန် လိုအပ်လျက်ရှိနေသည်။အရင်းရှိသူများ၏ လျို့ဝှက် လက်ဆင့်ကမ်း လုပ်ကိုင်နေသည့် Project(ပရောဂျက်)ရလိုမှု ပေါ်လစီသည် တိုင်းပြည်၏ နည်းပညာ ပေါက်ဖွားနှုန်းကို နှေးကွေးစေလျက်ရှိသည်။


စီးပွားရေး ပလက်ဖောင်းတွင် မြန်မာပြည်ရှိ စွန့်ဦးတီထွင် ဆိုသူများ နည်းပညာအကူအညီရယူ နိုင်မှု နှေးကွေးနေခြင်း အတွက် စီးပွားရေးနှင့် နည်းပညာ မူဝါဒများ ကို ချိန်ကိုက် နိုင်ရန် လိုအပ်လျက်ရှိကြောင်း သက်သေထူလျက်ရှိ နေပေသည်။


ပြိုင်ဆိုင်မှု ပြင်းထန်သည်ဟု ယူဆရသည့် ယနေ့ ကမ္ဘာ ကြီးထဲတွင် နည်းပညာ သမားများအတွက် ဥာဏ ဆိုင်ရာ မူပိုင်ခွင့်အပြင် အခြားသော အခြေအနေ များလည်း အဆင့်ဆင့် ပြုပြင်ရန်လိုအပ်သည်။ ဥပမာ အနေဖြင့် နည်းပညာ သုတေသန (Tech Lab) များ ရှိ ပညာရှင်များ နှင့် ၄င်းတို့၏ သုတေသန များမှာ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်း ပေး ရန် နေရာအဖြစ် သတ်မှတ် ဆောင်ရွက်ရန် လက်တွေ့ လုပ်ဆောင်ရမည်။ ယနေ့ နည်းပညာအခြေအနေသည် ပြင်ပ မှ ကုမ္ပဏီက တခြား၊သုတေသန သမားများ ၏ လမ်းကြောင်းကတခြား ဖြစ်တည်မှုအကြား တက်စ်ပေါ်လစီ ရေးဆွဲ သူများ က ကုမ္ပဏီ ထောင်စားသွားကြ သည့် လမ်းကြောင်း နွံ ကြီး ဝဲချာ လည် နေ ခဲ့ရသည်။


ကိုယ်ပိုင်တက်စ် သုတေသန(Private T-Lab) များ ကို မြန်မာပြည်၏ နည်းပညာ ပေါ်လစီအရ မည်မျှ ထောက်ပံ့ ချိတ်ဆက်မှု ပေး နိုင်နေပြီလဲ ဟူသည့် မေးခွန်းမျိုး လည်း ဖြေရှင်းပေးနိုင်ရန် ပေါ်လစီ ရေးဆွဲသူများ မှ ဖြေရှင်းသင့်လှသည်။ပြည်ပ မှ နည်းပညာ ရင်းနှီးမှုများကို ဦးစားပေးထါးသည့် နည်းပညာ ပေါ်လစီကို ငြင်းချက်ထုတ်ရန် ဆန္ဒမရှိလှသော်လည်း ပြည်တွင်း နည်းပညာသမားများ ၏ ရပ်တည်ရေး၊ နည်းပညာ ကိုက်ညီမှု မူဝါဒ၊စည်းချက်ကျသည့် အရွေ့များ ကို လုပ်ငန်း ပလက်ဖောင်း ပေါ် ဆွဲတင်၍ တီထွင်ဖန်တီးမှုများ ကို ထောက်ပံ့ လိုသည့် အဖွဲ့အစည်းများ ပေါ်ထွန်းလာရေး သည်လည်း လွန်စွာအရေးကြီးလှသည်။


မြန်မာပြည်တွင် လူငယ်နည်းပညာသမားများကို ခုတုံးလုပ်သည့် အုပ်စုများ ကိုလက်တွေ့ မြင်တွေ့နေရသည်မှာ သတင်းအချက်အလက် ဦးသူများမှ တက်စ်ပေါ်လစီ မငြိမ်မှု ကို အခွင့်ကောင်းရနေမှု၊

 လက်ဆင့်ကမ်းသည့် ပရော့ဂျက်မူဝါဒ ၊ စေတနာမမှန်သည့် ရင်းနှီးမြှုပ်နှံ သူများ အကြား ခိုးချခံရသည့် ပရောဂ စွဲကပ်မှု၊ အနာဂတ် နည်းပညာ ကမ္ဘာ ကို တိုင်းပြည်မှ အလေးထားမှု မရှိ ခြင်း....အစရှိသည့် ကိစ္စ ရပ် များ ကြောင့် ဟု သုံးသပ်ရမည်။


နည်းပညာ အရွေ့ ကို နိုင်ငံရေး အရွေ့ မှ မျက်ကွယ်ပြု နေခြင်းဟာ ဖွဲ့ စည်း ပုံ ကြောင့်ဟု လွှဲ ချနေမည် ဆိုလျှင်  နိုင်ငံတစ်နိုင်ငံ၏ ဖွဲ့စည်းပုံဆိုသည်မှာ လူထု၏ ဖြစ်တည်မှု၊နေထိုင်ကျင့်ကြံမှု အပြင်.... အဆိုပါ တိုင်းပြည် ရှိ ဖြစ်ပျက်လုပ်ကိုင်လည်ပတ်မှုများနှင့် ကိုက်ညီ မှုရှိရန် အမြဲ ပြုပြင်ပြောင်းလဲ ရေးပြုလုပ်ရမည့် ကိစ္စ ရပ်အဖြစ် ရှု့ မြင်သင့်လှသည်။


မြန်မာပြည်တွင် အမျိုးသားစီမံခန့်ခွဲရေး နှင့် နိုင်ငံတော်လုံခြုံရေး အတွက် ဥပဒေ ဟူ၍ ရှင်းလင်း စွာ ပြဋ္ဌာန်းနိုင်ခြင်း မရှိ သော်လည်း ဖွဲ့စည်းပုံကို အသေဆုပ်ကိုင်လျက်ရှိသည်။


ပြဿ နာများ နှင့် အနာဂတ်ကိုကြည့်မည်ဆိုလျှင် 6G(ဆဋ္ဌမ မြောက် ဆက်သွယ်ရေးမျိုးဆက်)၊ မှတ်ဥာဏ်တုနည်းပညာ (AI) တွဲ နှုန်းသည် စီးပွားရေးပလက်ဖောင်းကို အုံကြွ စေရန်အထိ ကမ္ဘာ မှာအသုံးချ လာ နိုင် သည်။


6G၊ AI ၊Blockchain၊ Digital Currency ခေတ်စား လာလျှင် မြန်မာ့ ဖွဲ့ စည်းပုံ နှင့် တက်စ် ပေါ်လစီသည် အနာဂတ် နညိးပညာ နှင့် ကူးလူးနိုင်သည့် နိုင်ငံတော်လုံခြုံရေး မျိုး ရှိ နေပြီလားဟု လည်း ပြန်လည်သုံးသပ်ရမည်။


ဒီဂျစ်တယ် ငွေကြေး နှင့် ဘလော့ချိန်း(Blockchain Tech) နည်းပညာ ကြောင့် အီလထရောနစ် စီးပွားရေး ကို ဂယက်ရိုက် လာချိန်မှာ မြန်မာပြည်အတွက် ၊လူထုအတွက် ပြင်ဆင်ထားမှု ရှိနေရန် လည်း လိုအပ်နေပြီဖြစ်သည်။


လုပ်ငန်းလုပ်ကိုင်လည်ပတ်မှု ကြောင့် စီးပွားရေး ပလက်ဖောင်း အုံကြွချိန်တွင် ပေါ်လစီမနိုင်သည့် နည်းပညာဂယက်ကြောင့် အောက်ကျ နောက်ကျ ခံရမည့် ဘေးအန္တရာယ်ကို ကြိုတင်ပြင်ဆင်သင့်သည်။


စီးပွားရေးပလက်ဖောင်း ကို နည်းပညာ အကူအညီဖြင့်တည်ဆောက်ရာတွင် ကိုယ်စု ကိုယ်စား နည်းပညာ ပေါ်လစီမှာ မြန် မာပြည် ကို ဒေသတွင်း ဆင်းရဲ နောက်ကျမှု မှ ဆွဲ ထုတ်နိုင်မည်မဟုတ် ကြောင်းလည်း လူငယ်နည်းပညာ မျိုးဆက်များ မှ မီးမောင်းထိုးပြလျက်ရှိနေသည်။


လာမည့် အနာ ဂတ် နိုင်ငံတော် အတွက် ပေါ်လစီ မရှိသည့် မျိုးဆက်ကြောင့် ၂၀ ရာစုမှ နည်းပညာများကို နိုင်ငံပိုင်ပရော့ဂျက်လုပ်သူကလုပ်၊အာဆီယံ နိုင်ငံများ၏ စီးပွားရေးကုန်သွယ်မှုကို လှည်းနွား ဖြင့် ဆီးကြို လို့ ကြို၊ အင်တာနက်

 ကွန်ပျူတာ နည်းပညာ အစား အလွတ်ကျက်ထားသည့် နှစ်ပေါင်း ၇၀ လုပ်ထုံးလုပ်နည်းများ ဖြင့် ခရီးဆက်လို့ဆက်.....ပြုလုပ်နေခြင်းမှာ တက်ပေါ်လစီ၊ နည်းပညာ ပလက်ဖောင်း နှင့် စီးပွား ရေး လုပ်ငန်းများ ချိတ်ဆက်လည်ပတ်မှုကို အလေးထားမှု ရှိရန်လိုအပ်လျက်ရှိနေ ပြီ ဖြစ်ကြောင်း.....


Zအမ်အို

23.june.2020

Comments

Zaw Myo Oo said…
https://m.facebook.com/story.php?story_fbid=3407708732666187&id=100002812821275

Popular posts from this blog

ကွန်ပျူ တာနည်းပညာတွေ ဘယ်လို လေ့လာမှာပါလဲ?