Posts

Showing posts from May 31, 2020

ကျွန်တော် နဲ့ အယ်ဒီတာ ထွန်းဇော်ဌေး

Image
"ကျွန်တော်နဲ့ အယ်ဒီတာ ထွန်းဇော်ဋ္ဌေး" ၂၀၁၄ ခုနှစ် မတ်လ ဆန်းပိုင်းတုန်းက ကျွန်တော် နဲ့ (အဲ့ဒီအချိန်က )The Chancellor ရဲ့ အယ်ဒီတာချုပ် ဆရာထွန်းဇော်ဋ္ဌေးတို့ အမှတ်မထင် ဆုံဖြစ်ခဲ့ခြင်းဖြစ်သည်။ တာမွေမှာ ရှိတဲ့ The Chancellor ရုံးချုပ်မှာ ဆရာထွန်းဇော်ဋ္ဌေးနဲ့ ခဏတာ စကားပြောဖြစ်ခဲ့ကြဖူးသည်။ဆရာရဲ့ နိုင်ငံရေးအမြင်တွေ ၊ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်လို့ ဖြတ်သန်းခဲ့ဖူးတာတွေ ကို ၈၈ မျိုးဆက်မှ ကိုမင်းဇေယျ၊ကိုထွန်းအောင်ကျော် အပါအဝင် အယ်ဒီတာကိုမင်းနိုင်စိုးတို့ နဲ့ အတူ ဆွေးနွေးခဲ့ဖူးတဲ့ အချိန်ဆိုရင်လည်းမမှားပေ။ အဲ့ဒီအချိန်က ဆရာထွန်းဇော်ဋ္ဌေးအနေနဲ့ တော်လှန်ရေးအတွက် ငယ်ငယ်တုန်းက ဘယ်လိုတွေ လှုပ်ရှားခဲ့ပုံ၊သမဂ္ဂကျောင်းသားလောကရဲ့ ခက်ခဲနက်နဲပုံတွေ ကို သူ့အတွေ့အကြုံနဲ့ ပြန်ပြောင်းပြောပြခဲ့ဖူးတာကို ယနေ့တိုင်အမှတ်ရနေဆဲဖြစ်ပါတယ်။ သူပြောတဲ့ အထဲမှာ “ကျွန်တော် ကျောင်းသား ဘဝ နဲ့ လူလတ်ပိုင်းဘဝတွေ မှာ နိုင်ငံတော်အတွက်ဆိုတဲ့ ခံယူချက်နဲ့ ဘာဆိုဘာမှ မကြောက်ခဲ့ပဲ ပေးဆပ်ရုံသက်သက်နဲ့ စွန့်စားခဲ့တာတွေ ရှိတယ်။ဒါပေမဲ့ လူဆိုတာ အသက်ကြီးလာတာနဲ့ အမျှ စွန့်လွှတ်ရမှာကို တခါတလေ ကြောက်လာတတ်တယ်၊အဲ့ဒါမျိုးတွေ ဆို သတိထားပ...

ပလက်ဖောင်းပေါ်က နေ့စွဲများ

Image
"ပလက်ဖောင်းပေါ်က နေ့စွဲများ" ပျားရည်စက်နဲ့ လမ်းခွဲ ဝင်္ကဘာ နှင်းစက်တို့ကို စိန်ခေါ် ဘယ်သူမှ မပေးတဲ့ တာဝန်ကို ကိုယ့်ပခုံးပေါ်ပစ်တင်ခဲ့ လူ့ သမိုင်း ပီသဖို့ ဒီ ..ပလက်ဖောင်းပေါ် တို့လျောက်ခဲ့ဖူးတယ်... ယုံကြည်ရာဆိုတာ နောင်မျိုးဆက်တို့ ရဲ့ ထွက်ပေါက် ကြောက်ဒူးတုန် ခေတ်ကြီးထဲမှာ လက်ရုံးဆန့်ခဲ့ကြ... အင်းစိန်မော်စကို နဲ့ အိုးဘိုကျောင်းတော်တို့ စကော်လာပေးချိန် ဖောင်မတင်ပဲ အရွေးခံရတဲ့ ခေတ်..အဲ့ဒီ စနစ် မှာ ပလက်ဖောင်းပေါ် တို့ ..အိပ်ခဲ့ကြတယ်.. ရိုးရိုးပြောမရလို့ ပလက်ဖောင်းပေါ်တက် ပြောခဲ့တဲ့ နေ့စွဲ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးဖို့ "ဒီ  မို   က  ရေ  စီ" ဆိုတဲ့ စကားလုံးကို အကြိမ်ကြိမ်ရေရွတ်ခဲ့ကြ ဗီလိန်ဇာတ်လမ်း တစ်ခန်းရပ်မှာ.. ထောင်နံရံကို ဖက်တွယ်...သမိုင်းမှာတော့ ..ငါတို့ဟာ.မာလိန်မှူးတွေပါပဲ... မဟောင်းနွမ်းသေးတဲ့ ပလက်ဖောင်းယဉ်ကျေးမှု ကိုယ့်သမိုင်းကိုယ် ရေးခဲ့တဲ့ ကာလ နိုင်ငံရေးတွေ စိမ်းစိုလာရင်တော့.. ပလက်ဖောင်းပေါ်က နေ့စွဲတွေ ထခုန်ကြလိမ့်မယ်... (ပလက်ဖောင်းပေါ်က သူငယ်ချင်းများသို့ လွမ်းမောခြင်းအမှတ်တရ) ၁၂.၂၇.၂၀၁၈ ZMO

ကျွန်တော် နဲ့ BarCamp Yangon

Image
ကျွန်တော်နဲ့ BarCamp Yangon ======================= ကမ္ဘာမှာ လူဦးရေ တက်ရောက်မှု အများဆုံး ဘားကမ့်ပွဲတစ်ခုအဖြစ်သတ်မှတ်ခံထားရ တဲ့ မြန်မာပြည် ရန်ကုန်မြို့ က ဘားကမ့်ပွဲကတော့ လာမည့် ဇန်နဝါရီ ၂၆ နဲ့ ၂၇ တို့မှာ  BarCamp Yangon 2019 ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ ကျင်းပတော့မှာဖြစ်ပါတယ်။ BarCamp Yangon ပွဲတွေ ဟာ နှစ်စဉ်ကျင်းပမြဲဖြစ်ပြီး မြန်မာပြည်ရဲ့ နည်းပညာရှင်များ၊အတတ်ပညာရှင်များ တက်ရောက် ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲ တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဒီလိုဘားကမ့်ပွဲတွေ မှာ နိုင်ငံရေးတွေ ၊နည်းပညာတွေ နဲ့ အခြားသော မည်သည့် ကိစ္စတွေမဆို ဆွေးနွေးနိုင်ခွင့်ရှိသလို တက်ရောက်နားထောင်ပိုင်ခွင့်လည်း လွတ်လွတ်လပ်လပ်ပေးထားပါသေးတယ်။ BarCamp Yangon မှာ ဘာတွေ ထူးခြားသလဲ? ================================ ၂၀၁၇ ခုနှစ်ရဲ့ BarCamp Yangon ကိုတော့ လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ကျွန်တော်ကိုယ်တိုင်လည်း Speaker တစ်ယောက်အနေနဲ့ ဝင်ရောက်ဆွေးနွေးပေးခဲ့ဖူးပါတယ်။ တက်ရောက်ဖူးတဲ့ ဘားကမ့်တွေ ထဲမှာအထူးခြားဆုံးနဲ့ ပွဲအစည်ဆုံးဘားကမ့်ပွဲဖြစ်ပြီး အများအားဖြင့် နိုင်ငံတကာ က ဆွေးနွေးလိုသူ၊Speaker အများဆ...