ဘာ့ကြောင့် လူငယ်တွေ မှာ အကြမ်းဖက်ချင်တဲ့ စိတ် ရှိနေကြတာလဲ?
ဒီမိုကရေစီ အဘိုးအေ နိုင်ငံ တွေ မှာသာမက ကမ္ဘာ တလွှားက နိုင်ငံအများအပြား မှာလည်း အကြမ်းဖက်မှုကို သိသိသာသာ လျော့ချ နိုင်မှု မရှိသေးပါဘူး။ ဖြစ်နိုင်ခြေ အများဆုံး ဖြစ်တဲ့ အကြောင်းအရင်း တွေကို တော့ နိုင်ငံတကာ သုတေသန တွေ ကနေ ရှာဖွေဖော်ထုတ် ထားကြပေမည့် အကြမ်းဖက်မှုကို အဆုံးသတ်နိုင်ခြင်းမရှိသေးပါဘူး။ အကြမ်းဖက်မှု မှာ အိမ်တွင်းအကြမ်းဖက်မှုအပါ အဝင် အဖွဲ့အစည်း ၊ပတ်ဝန်းကျင်နှင့်အတူ နိုင်ငံတော် ကို အကြမ်းဖက်မှုအထိ အဆင့်ဆင့် ၊အမျိုးမျိုး ရှိ နေပါတယ်။ ကျွန်တော် တို့ နှင့် အနီးစပ်ဆုံး အချက်အချို့ကို ဆွဲထုတ်ကြည့်မည်ဆိုလျှင် အောက်က အချက်အလက်အချို့ ကို သုံးသပ်ကြည့်နိုင်ပါလိမ့်မယ်။ ဘာ့ ကြောင့် လူငယ်တွေ အကြမ်းဖက်တဲ့ စိတ် ရှိနေတာလဲ? 1. Salvation အကြမ်းဖက်မှု လို့ ပြောလိုက်တာနဲ့ အတူ အိုင်အက်စ်တို့ ရဲ့ ရက်စက်မှု တွေ ကို ပြေးမြင်နေရပါတယ်။လူတွေ မှာ ကျွန်ပြု ခံရခြင်းဆိုတာတွေ ကို လည်းကြားဖူးကြပါလိမ့်မယ်။ အဲ့လိုအချိန်မျိုးတွေ မှာ ဆို ကယ်တင်ခြင်းဆိုတာ ဟာ အလွန်ကို အဓိပ္ပါယ်ရှိပါတယ်။အကြမ်းဖက်လူငယ်တွေ ရဲ့ စိတ်မှာလည်း ကိုယ့်ကိုကိုယ် ကယ်တင်ခြင်းဆိုတဲ့ အချက်အတွက် သေခြင်းဟာ နောက်ဆုံးပေါ် သုခဘုံလို့ မှတ်ယူထာ...