ကျွန်တော် နဲ့ အယ်ဒီတာ ထွန်းဇော်ဌေး
"ကျွန်တော်နဲ့ အယ်ဒီတာ ထွန်းဇော်ဋ္ဌေး" ၂၀၁၄ ခုနှစ် မတ်လ ဆန်းပိုင်းတုန်းက ကျွန်တော် နဲ့ (အဲ့ဒီအချိန်က )The Chancellor ရဲ့ အယ်ဒီတာချုပ် ဆရာထွန်းဇော်ဋ္ဌေးတို့ အမှတ်မထင် ဆုံဖြစ်ခဲ့ခြင်းဖြစ်သည်။ တာမွေမှာ ရှိတဲ့ The Chancellor ရုံးချုပ်မှာ ဆရာထွန်းဇော်ဋ္ဌေးနဲ့ ခဏတာ စကားပြောဖြစ်ခဲ့ကြဖူးသည်။ဆရာရဲ့ နိုင်ငံရေးအမြင်တွေ ၊ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်လို့ ဖြတ်သန်းခဲ့ဖူးတာတွေ ကို ၈၈ မျိုးဆက်မှ ကိုမင်းဇေယျ၊ကိုထွန်းအောင်ကျော် အပါအဝင် အယ်ဒီတာကိုမင်းနိုင်စိုးတို့ နဲ့ အတူ ဆွေးနွေးခဲ့ဖူးတဲ့ အချိန်ဆိုရင်လည်းမမှားပေ။ အဲ့ဒီအချိန်က ဆရာထွန်းဇော်ဋ္ဌေးအနေနဲ့ တော်လှန်ရေးအတွက် ငယ်ငယ်တုန်းက ဘယ်လိုတွေ လှုပ်ရှားခဲ့ပုံ၊သမဂ္ဂကျောင်းသားလောကရဲ့ ခက်ခဲနက်နဲပုံတွေ ကို သူ့အတွေ့အကြုံနဲ့ ပြန်ပြောင်းပြောပြခဲ့ဖူးတာကို ယနေ့တိုင်အမှတ်ရနေဆဲဖြစ်ပါတယ်။ သူပြောတဲ့ အထဲမှာ “ကျွန်တော် ကျောင်းသား ဘဝ နဲ့ လူလတ်ပိုင်းဘဝတွေ မှာ နိုင်ငံတော်အတွက်ဆိုတဲ့ ခံယူချက်နဲ့ ဘာဆိုဘာမှ မကြောက်ခဲ့ပဲ ပေးဆပ်ရုံသက်သက်နဲ့ စွန့်စားခဲ့တာတွေ ရှိတယ်။ဒါပေမဲ့ လူဆိုတာ အသက်ကြီးလာတာနဲ့ အမျှ စွန့်လွှတ်ရမှာကို တခါတလေ ကြောက်လာတတ်တယ်၊အဲ့ဒါမျိုးတွေ ဆို သတိထားပ...